Wednesday 19 November 2014

လေထဲပျံနေတဲ့လူသေးသေးလေးတွေ (Fairy) တွေအပြင်မှာတကယ်ရှိသလား


      ဒါကတော့ အထူးအဆန်းလေးပါ....အင်ဂလန်နိုင်ငံရဲ့ ကျေးလက်ဒေသဖြစ်တဲ့ ဒါဘီရှိုင်းယားလို့ခေါ်တဲ့ တောရွာလေးမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ဒေသခံတွေက ညဘက်တွေမှာဆိုရင် တစ်ခါတစ်လေ Fairy လေးတွေကိုတွေ့တတ်တယ်လို့ ပြောပါတယ်။ ဒါဘီရှိုင်းယားရဲ့ မြစ်နားတစ်ဝိုက်နဲ့ သစ်ပင်ကြီးတွေမှာ တစ်ခါတစ်ရံ တွေ့ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ကနေ အလင်းရောင်တွေထွက်ပါတယ်။ သူတို့ရှိတဲ့နေရာကို လူတွေသွားရင်သူတို့ရဲ့ အလင်းရောင်က တဖြည်းဖြည်းမှိန်သွားပြီး ပျောက်ကွယ်သွားတယ်လို့ပြောပါတယ်။
            ပုံထဲမှာပြထားတဲ့ အကောင်လေးကို ဒေသခံတစ်ယောက်က သူ့ရဲ့လယ်ကွင်းထဲက တောင်ပို့နားလေးမှာတွေ့တာပါ။
သူကတွေ့တွေ့ချင်း ကလေးအသေလေးထင်ပြီး ရဲကိုအမြန်ဆုံးခေါ်လိုက်ပါတယ်။ ရဲမလာခင် သူက အကောင်လေးကို  သေသေချာချာကြည့်မိတော့မှ ကလေးတစ်ယောက်ထက် အများကြီးသေးနေပြီး သစ်ရွက်နဲ့တူတဲ့ တောင်ပံလေးတွေပါတာကို သတိထားမိပါတယ်။ ရဲရောက်လာတော့ ရဲကအဲ့အကောင်လေးကို ဓာတ်ခွဲခန်းပို့လိုက်ပါတယ်။ ဓာတ်ခွဲခန်းမှာ X-ray နဲ့စစ်ကြည့်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်တည်ဆောက်ပုံအကုန်လုံးက လူနဲ့တူနေပါတယ်။ ဒါ့အပြင် လူလိုပဲ ခြေလက်တွေမှာ ခြေချောင်း လက်ချောင်း ငါးချောင်းဆီပါပါတယ်။ ခေါင်းမှာလည်း ရွှေရောင်ဆံပင်တွေပေါက်နေပါတယ်။ DNA ကလည်း လူနဲ့တူတူပါပဲ။ အဲ့ဒါကြောင့် သိပ္ပံပညာရှင်တွေက အဲ့ဒီသတ္တဝါလေးနဲ့ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ချရ မလဲဆိုတာ ခေါင်းစားနေတုန်းပါပဲ။
ရှေးခေတ်ဒဏ္ဏာရီပုံပြင်တွေထဲကလို လေထဲပျံနေတဲ့လူသေးသေးလေးတွေ(Fairy)တွေ အပြင်မှာ တကယ်ရှိသလားဆိုတာ?????
ဟာသမုဆိုး(Funny and Amazing pics)

0 comments:

Post a Comment