ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)

လောကတွင်အချစ်ရဆုံး အားအထားရဆုံးသည်သင့်အတွက် သင်သာလျှင်ဖြစ်ချေသည်

ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)

ထကြွနိုးကြားမှု၊အခွင့်အရေးကိုမပြတ်ရှုမြင်ပြီးအလျှင်အမြန်ရယူတက်မှုအားဖြင့်သာကံကြမ္မာကောင်းတွေအဆက်မပြတ်ကြုံကြိုက်နိုင်တယ်၊အောင်မြင်ကြီးပွားသူတစ်ဦးဖြစ်လာနိုင်တယ်

ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)

ဖြစ်မြောက်အောင်မြင်အောင်ဆောင်ရွက်ရန် အဓိဋ္ဌာန်ပြတ်သားခိုင်မာပြီဆိုက ယင်းအား အကောင်အထည်ဖော်ရန်နည်လမ်းမှန်ကိုရှာတွေ့မြဲဖြစ်သည်

ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)

"အမှန်တရားဟာကိုယ့်အတွက်စိတ်ချမ်းသာစရာဖြစ်ချင်မှဖြစ်မယ်၊ကိုယ်ကျေနပ်နေတဲ့အဖြေဟာအမှန်တရားဖြစ်ချင်မှဖြစ်မယ်။"

ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)

လူငယ်တယောက်ဟာအရေးကြီးဆုံးအချက်ကငါဟာမုချကြီးပွားအောင်မြင်နေရမယ်ဆိုတဲ့အဓိဋ္ဌာန်ခိုင်ခိုင်မာမာချဖို့အရေးကြီးတယ်

Friday 6 February 2015

ဗိုလ်ချုပ်ဂုဏ်ပြု ကဗျာ

"ဘုရားပြီးရင် အကြည်ညိုဆုံးလူသား"
=====================

ထိန်လင်းတဲ့လား
၅နှစ်သားမှစ………
သီလလုံခဲ့သူ……
အမေ ညာကာ……
စပါးရောင်းရာမှာ……
ဆိတ်အဆွဲခံကာ………
မှန်ရာကို ချစ်တတ်ခဲ့လေသူ………။


ဂျပန်ကိုသွား
စစ်ပညာသင်ကြား……
ပြန်ဖို့ အလိုည………
ဂျပန်မနဲ့ …………
နှစ်ယောက်သား……
ပျော်ပါးဖို့ ရာ ………
ပေးခဲ့ပါလည်း………
"ငါ့လူပျိုဘဝ"………
"မင်္ဂလာဦးညမှ"………
"စွန့် လွှတ်ရမည်"………
ယောက်ျားကောင်းပီပီ………
သစ္စာတည်ခဲ့လေသူ…………။

အာဇာနည်နေ့  အကြောင်း သမိုင်းအစုံ

 
ကျွန်တော် ဒီအကြောင်းအရာလေးကို မျှဝေဖို့ ရှာနေတာ တော်တော်ကြာပါပြီ။ ဘယ်သူမှလည်း မတင်ကြဘူး။ တင်တော့ တင်ကြပါတယ်။ သတင်းစာကို ဓာတ်ပုံရိုက်ပြီး တင်ကြတယ်။ အဲလိုကျတော့ ဖတ်ရတဲ့သူအတွက် အဆင်မပြေဘူးလို့ထင်ပါတယ်။ ဒါကြောင့် အဲဒီသတင်းစာ ဓာတ်ပုံထဲက အကြောင်းအရာတွေကို ပြန်လည်ရိုက်ချပြီး ဖော်ပြလိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။ Google မှာ ရှာကြည့်ပါတယ် ။ အာဇာနည်နေ့ဆိုပြီးတော့ပေါ့။ ထွက်တော့လာပါတယ်။ အခမ်းအနားလုပ်တဲ့ အကြောင်းအရာတွေချည်းပဲ။ ကျွန်တော်လိုချင်တာက အဲဒီနေ့ကအဖြစ်အပျက်ကိုလိုချင်တာပေါ့။ ၁၉ ရက်နေ့အမှီတင်မလို့ပါပဲ ။ ဒါပေ့မယ့် မမှီတော့ဘူး။ ဒီနေ့ညနေပိုင်းလောက်မှတွေ့လို့ အတင်း စာရိုက်ပြီး တင်လိုက်ရပါတယ်။ ကူညီစာရိုက်ပေးသော သူငယ်ချင်း မင်းဟိန်း နဲ့ ညီလေး ၀င်းထက်ကို ကျေးဇူးတင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း သမိုင်းများ စုစည်းမှု

ဇူလိုင်(၁၉) ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုကြီး 

*********************************

- ဦးဘဂျမ်း
ထိုနေ့က ၀န်ကြီးများအစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏
ရုံးခန်းတွင် ဂ ငယ်ပုံ အစည်းအဝေးစာပွဲကြီး၌ နံနက် ၁၀ နာရီခန့်အချိန်တွင် စတင်ကျင်းပရာ
ထိပ်စာပွဲအလယ်၌ ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်။
ဗိုလ်ချုပ်၏ လက်ဝဲဖက်၌ ၀န်ကြီးများအဖွဲ့
အတွင်းဝန် ဦးရွှေဘော်သည်လည်းကောင်း ၊ လက်ယာဖက်စာပွဲ၌ သခင်မြ ၊ ဦးရာဇတ် ၊ ဒီးဒုတ်ဦးဘချို ၊
ဦးဘ၀င်း နှင့် မန်းဘခိုင် တို့ အစဉ်အတိုင်းသည် လည်းကောင်း ၊ လက်ဝဲဘက်စာပွဲ၌ ဦးဘဂျမ်း ၊
ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြ ၊ မိုင်းပွန်စော်ဘွားကြီး တို့ အစဉ်အတိုင်းသည် လည်းကောင်း ထိုင်ကြပြီးလျှင်လက်ယာဖက် သခင်မြတို့ စာပွဲထိပ်ရှိ ကုလားထိုင်၌ အစည်းအဝေးတွင် စဉ်းစားသော ကိစ္စနှင့်သက်ဆိုင်သည့် ၀န်ကြီးဌာန၏ အတွင်းဝန်က ထိုင်ရသည်။
  
နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် လူသတ်သမားများရောက်လာချိန်၌ ၀န်ကြီးများ အစည်းအဝေးတွင်
ရှိနေသော အလှည့်ကျ အစိုးရအတွင်းဝန်မှာ ဦးအုန်းမောင်ဖြစ်သည်။ ဦးအုန်းမောင် ရောက်လာပြီး
သုံးလေးမိနစ်ခန့်အကြာတွင် လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်။ အစည်းအဝေးအစီအစဉ်အရ
ထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့် မကျရောက်သေး။ သံအမတ်ဟောင်း (ထိုအချိန်က အတွင်းဝန်) ဦးကြင်၏အလှည့် ဖြစ်သည်။ ဦးအုန်းမောင်က မိမိတွင် အခြားအရေးကြီးသော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အားပြောပြခွင့်ပန်ပြီးလျှင် အစည်းအဝေးသို့ ဦးစွာလာ၍ သူရေးထားသည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။ အကယ်၍သာ အစည်းအဝေးအစီအစဉ်အတိုင်း စဉ်းစားဖြစ်လျှင်(သို့တည်းမဟုတ်) လူသတ်သမားများ ငါးမိနစ်ခန့်စော၍ ရောက်လျှင် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်ရင်နင့်ဖွယ်ကိစ္စတွင် ဦးအုန်းမောင်၏ အသက်တချောင်း အဆစ်ပါသွားခဲ့မည် မဟုတ်ပေ။
ထိုနေ့က ကျွန်တော်ထိုင်သော နေရာသည် လူသတ်သမားများ ၀င်လာသောတံခါးကို

Sunday 1 February 2015

ဆံပင် ဝက်ခြံ အသားအရေတို့အတွက် ရှားစောင်းလက်ပက်


ရှားစောင်းလက်ပက်လိမ်းပေးခြင်းသည် ဝက်ခြံများအာ်း အခြားဝက်ခြံလိမ်းဆေးများလိမ်းပေးခြင်းထက် 70% ပို၍ လျင်မြန်စွာ ပျောက်ကင်းနိုင်ပါသည်။

ဆံပင်နက်မှောင်သန်စွမ်းတောက်ပြောင်လာစေလိုပါက ခေါင်းမလျှော်မီ တစ်နာရီအလီု ရှားစောင်းလက်ပက်ကို ဆံပင်များအား အနှံ့ပွတ်ထားပေးပြီးလျှော်ပါ။ တစ်လအတွင်းသိသာလာစေပါသည်။

မိမိမျက်နှာအသားအရေ တင်းရင်းစိုပြေဝင်းပစေရန် ရှားစောင်းလက်ပက်နှင့် မျက်နှာပွတ်ပေးပါက အကျိုးထူးပါသည်။

အပူလောင်နာများကို ရှားစောင်းလက်ပက်အုံပေးပါက အလျင်အ့မြန်ပျောက်ကင်း၏။