Wednesday 19 November 2014

ဦးခေါင်းနှစ်လုံးပါနွားကလေး ပင်လယ်ကြီးကျေးရွာတွင် မွေးဖွား


စဥ့်ကူး   စက်တင်ဘာ   ၁၉
စဥ့်ကူးမြို့နယ်တွင် ထူးခြားစွာတွေ့ခဲလှသည့် ဦးခေါင်းနှစ်လုံးပါနွားကလေး တစ်ကောင်ကို ပင်လယ် ကြီးကျေးရွာ တောင်ယာစိုက်ခင်းလုပ်ကိုင်သူ ဦးစံလှနေအိမ်တွင် မိခင်နွားမကြီးက မွေးဖွား ကြောင်း သိရသည်။
“ဒီနွားမကြီးက ဒီတစ်သားနဲ့ဆို သုံးသားရှိသွားပြီ။ သုံးသားမြောက်မှာ  ဒီခေါင်းနှစ်လုံးပါနွားကလေး ထူးထူးဆန်းဆန်းမွေးဖွားပြီး အံ့ဩဖို့ကောင်းပါတယ်။ မွေးစကတော့ အသက်ရှင်လျက်ရှိပါတယ်။ ကျွန်တော့်အထင်တော့ လမစေ့ဘဲ မွေးတာဖြစ်လို့ မွေးပြီးမကြာခင်မှာ သေသွားတာဖြစ်နိုင်တယ်’’ဟု ဦးစံလှက ပြောပြသည်။

အဆိုပါ နွားကလေးသည်နွားထီးကလေးဖြစ်ပြီး ခေါင်းနှစ်လုံးနှင့်  ဘို့နှစ်လုံး ပါရှိပြီး အခြားနွားများကဲ့သို့ အင်္ဂါများစုံလင်စွာပါရှိကြောင်း သိရသည်။ အဆိုပါ ခေါင်းနှစ်လုံးပါ  ထူးဆန်းသည့်နွားကလေးကို စဥ့်ကူးမြို့မှ  ဦးမျိုးကျော်က ပိုင်ရှင်ထံမှ ငွေကျပ်  ၃၀၀၀၀ ဖြင့် ပေးချေဝယ်ယူသွားကြောင်း သိရသည်။                                                 

0 comments:

Post a Comment