Wednesday 19 November 2014

ကိုယ်အလေးချိန် လျှော့ချရေး သဘာဝနည်းလမ်း ၁၀ ဖြာ


သင့်ကျန်းမာရေးအတွက် ကိုယ်အလေးချိန် လျှော့ချရေး သဘာဝနည်းလမ်း ၁၀ ဖြာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁)အသီးအနှံနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကယ်လိုရီ အနည်းငယ်သာပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဝလွန်တဲ့သူတွေဟာ ဒီအစားအစာတွေကို မကြာခဏ ပိုစားသင့်ပါတယ်။
(၂)ဆားဟာ ခန္ဓာကိုယ်အလေးချိန် တိုးမြင့်ရတဲ့ အဓိကအကြောင်းတစ်ရပ် ဖြစ်တာောကာင့် ဆားအလွန်အကျွံ စားသုံးခြင်းကလည်း ရှောင်ကျဉ်ရပါမယ်။
(၃)နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲတွေ ထောပတ်တွေဟာလည်း အဆီဓာတ် ကြွယ်ဝတာကြောင့် ရှောင်ကျဉ် သင့်ပါတယ်။ အသားနဲ့ အသီးအရွက်မဟုတ်တဲ့ အစားအစာတွေကိုလည်း ရှောင်ကျဉ် သင့်ပါတယ်။

(၄)ဂျင်းစိမ်း၊ သစ်ကြမ်းပိုးခေါက်နဲ့ ငရုတ်ကောင်းမှုန့် စတာတွေဟာ ကိုယ်အလေးချိန် လျှော့ချ ရာမှာ နည်းလမ်းအမျိုးမျိုးနဲ့ အသုံးဝင်ပါတယ်။
(၅)ဘူးခါးမျိုးတွေနဲ့ ဒန့်ဒလွန်သီးတွေလို အသီးအနှံမျိုးတွေဟာ ကိုယ်အလေးချိန် လျှော့ချဖို့ အသုံး တည့်ပါတယ်။
(၆)ပျားရည် သောက်သုံးခြင်းဟာ အကောင်းဆုံး အိမ်တွင်းဖြစ် ကိုယ်အလေးချိန် လျှော့ချရေး နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ပျားရည်ဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီပိုတွေကို ပုံမှန် လုပ်ငန်းတွေမှာသုံးနိုင်တဲ့ စွမ်းအင်အဖြစ် ထုတ်ယူအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ပျားရည်ကို စတင်သောက်သုံးတဲ့အခါမှာ ထမင်းစားဇွန်း တစ်ဇွန်း အပြည့်လောက် ပမာဏကို ရေနွေးနဲ့ စသောက်သင့်ပါတယ်။ မနက်ပိုင်းမှာ သောက်တာက ပိုကောင်းပါတယ်။ ပြီးရင် လတ်ဆတ်တဲ့ ရှောက်သီးဖျော်ရည် လက်ဘက်ရည်ဇွန်းတစ်ဇွန်းလောက်ကိုလည်း ထပ်သောက် ရပါမယ်။
(၇) ဂေါ်ဖီထုပ်ကိုလည်း ထိရောက်တဲ့ ကိုယ်အလေးချိန် လျှော့ချမှုမှာ ထည့်သွင်းထားပါတယ်။ ဂေါ်ဖီထုပ်ဟာ သကြားနဲ့ တခြား ကာဘွန်ဟိုက်ဒရိတ်တွေကို အဆီအဖြစ် မပြောင်းလဲသွားအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ ဂေါ်ဖီထုပ်က အများကြီး အကျိုးရှိပါတယ်။ ချက်ပြုတ်ပြီးပဲ စားစား... အစိမ်းစားစား အဆင်ပြေပါတယ်။
(၈) ကိုယ်အလေးချိန် လျှော့ချရေးစီမံချက်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်... ဒါ့အပြင် ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို ပျော့ပြောင်းပြီး ကျန်းမာသန်စွမ်းစေပါတယ်... ပထမဆုံး လမ်လျှောက်ခြင်းနဲ့ စတင်သင့်ပြီး နောက်ပိုင်းမှာတော့ ပြေးတာ ရေကူးတာ လှေလှော်တာတွေကို တစ်ဆင့်ခြင်း လုပ်သွား နိုင်ပါတယ်။
(၉) သံပုရာရည်ကလည်း ကိုယ်အလေးချိန် လျှော့ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်.. မနက်တိုင်း ဘာအစာမှမစားခင် သံပုရာရည်တစ်ဖန်ခွက်ကို ရေနွေးနဲ့ ပျားရည်တို့နဲ့ဖျော်ပြီး သောက်သုံးရပါမယ်။
(၁၀) အစာမစားခင်တိုင်းမှာ သင်စားသောက်မယ့်ပမာဏကို တိုင်းတာပြီး တတ်နိုင်သမျှ အနည်းဆုံး ဖြစ်သင့်ပါတယ်။ ဥပမာအားဖြင့် ထမင်းစားရမယ့် ပမာဏဟာ သင့်လက်ထဲမှာ ဆုပ်ထားနိုင်လောက်တဲ့ ပမာဏထက် မပိုသင့်ပါဘူး။ အစာအနည်းငယ်ကိုပဲ ၄ နာရီ ၅ နာရီခြား တစ်ခါလောက် ပုံမှန်စားမယ်ဆိုရင် သင့်ကိုယ်တွင်း အစာခြေချက်မှု လုပ်ငန်းစဉ်က ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး စားလိုက်တဲ့ အစားအစာကနေ အဆီတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင် ပါလိမ့်မယ်။ ပုံမှန်လေ့ကျင့်ခန်းကိုလည်း နေ့စဉ်နေ့တိုင်း မဖြစ်မနေလုပ်မယ်ဆိုရင်တော့ သင့်ကိုယ် အလေးချိန်ဟာ သိသိသာသာ ကျဆင်းလာမှာ ဖြစ်ပါတယ်။
Myawady News
Featured News:

0 comments:

Post a Comment