Wednesday 19 November 2014

လှုပ်ရှားမှု နည်းလျှင် သင့်ကျန်းမာရေးကို ထိခိုက်နိုင်


လှုပ်ရှားမှု နည်းသော နေထိုင်မှုပုံစံကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နိုင်သည်များ အထိုင်များတာက သင့်ကျန်းမာရေးအတွက် မကောင်းသလို မတ်တတ်ရပ်တာများရင်လည်း ခြေသလုံးကြွက်သားတွေ တောင့်တင်းတာ၊ ခြေဖဝါးတွေ ကျိန်းတာ၊ ခြေဖနောင့် နာတာတွေ ခံစားရနိုင်တာကြောင့် သင့်တစ်နေ့ တာမှာ မတ်တတ်ရပ်တာနဲ့ ထိုင်တာကို မျှခြေဖြစ်အောင် ကြိုးစားပါ။ လေ့ကျင့်ခန်းမလုပ်တဲ့အခါ သင့်ခန္ဓာ ကိုယ်က ကြွက်သားတွေ တောင့်တင်းနေတာကြောင့် တက်ကြွလန်းဆန်းမှုမရှိ ဖြစ်နေတတ်ပါတယ်။ တစ်နေ့ ငါး-ခြောက်ကြိမ်လောက် ခန္ဓာကိုယ်ကို အကြောဆန့်ပေးတာမျိုး လုပ်ဆောင်ပေးပါ။ ရုံးတွင်းမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ထိုင်ရာကမထဘဲ စကားလှမ်းပြောမယ့်အစား နေရာအရောက်သွားပြီး စကားပြောဆိုပါ။ ဖုန်းပြောတဲ့အခါ လမ်းလျှောက်ပြီးပြောပါ။ သင့်တစ်နေ့တာ အချိန်တွေမှာ လှုပ်ရှား ဆောင်ရွက်နေတာထက် ထိုင်နေတဲ့ အချိန်က ပိုများနေပါ သလား။
လှုပ်ရှားမှု နည်းတာကြောင့် အဝလွန်တာ၊ သွေးတိုးတာတွေအပြင် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေများစေ ပါတယ်။ ဒါ့အပြင် တခြား ဖြစ်နိုင်ခြေများတဲ့
ကျန်းမာရေးအခြေအနေတွေနဲ့ ဖြေရှင်းနည်းတွေကို ရေးသားလိုက်ပါတယ်။
(၁) နောက်ကျောနာကျင်ခြင်း
လှုပ်ရှားမှုနည်းတာကြောင့် နောက်ကျောနာကျင်မှုကို ဖြစ်စေတယ်လို့ နော်တင်ဟမ်တက္ကသိုလ်မှ အားကစားနဲ့ ဆေးပညာဆရာဝန် ဒေါက်တာ တင်ဘိတ်ကာက ပြောပါတယ်။ တက်ကြွလှုပ်ရှားတဲ့ နေထိုင်မှုပုံစံက သွေးလှည့်ပတ်မှုကောင်းပြီး ကြွက်သားနဲ့ အရွတ်တွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကောင်းစေပါတယ်။ လှုပ်ရှားမှုနည်းတာက ကြွက်သားတွေရဲ့ တောင့်တင်းအားကို လျော့နည်းစေပြီး နောက်ကျောနာကျင်မှုကို ဖြစ်စေပါတယ်။ သင်က လှုပ်ရှားမှုနည်းလို့ နောက်ကျောနာကျင်တဲ့ဝေဒနာကို ခံစားနေရတယ်ဆိုရင်တောင် လှုပ်ရှားမှုများတဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲနေထိုင်မယ်ဆိုရင် နာကျင်မှု ဝေဒနာတွေ လျော့နည်းသက်သာနိုင်ပါတယ်။
(၂) အဝလွန်ခြင်း
အဝလွန်တဲ့ လူတွေက လှုပ်ရှားမှုနည်းကြပြီး လှုပ်ရှားမှုနည်းတဲ့လူတွေက အဝလွန်တတ်ကြပါတယ်။ အဝလွန်တာနဲ့ လှုပ်ရှားမှုနည်းတာက ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အရင်ဖြစ်တာလဲ ဆိုတာလိုပဲ ပြောရ ခက်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားတာတွေနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ပါတယ်။
(၃) ကြွက်သားများ ပျော့တွဲလာခြင်း
အချိန်ကြာရှည်စွာထိုင်တာက ကြွက်သားတွေ ပျော့တွဲလာစေပါတယ်။ ကြွက်သားတွေကို အသုံးမပြုတာ ကြာလာတဲ့အခါ ကြွက်သားရဲ့ တောင့်တင်းအား ကျဆင်းလာပါတယ်။ ဒါကြောင့် ကြွက်သားတွေ တောင့်တင်း သန်မာလာစေဖို့ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ငါး ပါတယ်။
(၄) နှလုံးတိုက်ခိုက်ခံရခြင်း
သင်က လှုပ်ရှားမှုနည်းပြီး အထိုင်များတာကြောင့် ခန္ဓာကိုယ်တွင်းမှာ သွေးလှည့်ပတ်မှု နည်းသွားတာက နှလုံးတိုက်ခိုက်ခံရနိုင်ခြေ များစေပါတယ်။ နှလုံးက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီး ခန္ဓာကိုယ် တစ်ခုလုံးကို သွေးတွေရောက်ရှိဖို့အတွက် ညှစ်ထုတ်ပေးပါတယ်။ လှုပ်ရှားမှုနည်းတာကြောင့် နှလုံး ကြွက်သားတွေလည်း အားနည်းလာပါတယ်။ နှလုံးကြွက်သားတွေ သန်မာဖို့အတွက် ရေကူးတာ၊ ရွရွပြေးတာ၊ လမ်းလျှောက်တာ၊ လှေကားတက်တာနဲ့ ဥယျာဉ်ခြံစိုက်ပျိုးတာတွေကို လုပ်ဆောင်သင့်ပါ တယ်။
(၅) လေဖြတ်ခြင်း
လှုပ်ရှားတက်ကြွမှုရှိတဲ့ နေထိုင်မှုပုံစံကြောင့် လေဖြတ်နိုင်ခြေ လျော့နည်းနိုင်ပါတယ်။ နှလုံးရောဂါရှိသူ၊ ကိုယ်အလေးချိန်များသူ၊ လှုပ်ရှားမှုမရှိသူ၊ သွေးတိုးရှိသူနဲ့ ဆေးလိပ်သောက်သူတွေဟာ လေဖြတ်နိုင်တဲ့ အခွင့်အလမ်းများသူတွေပါ။ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာတွေနဲ့ လေဖြတ်နိုင်ခြေ ကို လျှော့ချနိုင်ပါတယ်။
(၆) ကင်ဆာဖြစ်ခြင်း
လှုပ်ရှားတက်ကြွမှု မရှိတာကြောင့် ရင်သားကင်ဆာ၊ အူကင်ဆာနဲ့ သားအိမ်ကင်ဆာ ဖြစ်ပွားမှုကို များစေ ပါတယ်။ အင်ဂလန်နိုင်ငံမှာ လှုပ်ရှားတက်ကြွတဲ့ နေထိုင်မှုပုံစံကြောင့် ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချ နိုင်တာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာကြောင့် ကိုယ်တွင်းအဆီတွေကို လျှော့ချ ပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။
(၇) ဆီးချိုသွေးချိုရောဂါ
လှုပ်ရှားမှုနည်းတာကြောင့် သွေးတွင်း အင်ဆူလင်ပမာဏကို လျော့နည်းစေပြီး အမျိုးအစား ၂ ဆီးချို သွေးချိုရောဂါ ဖြစ်ပွားနိုင်ခြေများပါတယ်။ လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၂၀ နဲ့ တစ်ပတ် ငါးကြိမ် ပြုလုပ်ဖို့ လိုပါတယ်။
(၈) စိတ်ဓာတ်ကျခြင်း
Bristol တက္ကသိုလ်မှ သုတေသီတွေက လှုပ်ရှားမှုမရှိသူတွေဟာ စိတ်ဓာတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေ နှစ်ဆခန့် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ လှုပ်ရှားမှု ရှိသူတွေဟာ ခန္ဓာကိုယ်ကနေ ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိတာကြောင့် စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
(၉) အယ်လ်ဇိုင်းမားရောဂါ
ချီကာဂိုတက္ကသိုလ်မှ လေ့လာသူတွေက လေ့ကျင့်ခန်းလုပ်ဆောင်မှုနဲ့ အယ်လ်ဇိုင်းမားရောဂါ ဆက်စပ်မှု ရှိတယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ လှုပ်ရှားမှုမရှိတဲ့လူတွေဟာ လှုပ်ရှားမှုရှိသူတွေထက် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေ ၄၅ ရာခိုင်နှုန်း ပိုမိုတာကို တွေ့ရှိခဲ့ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက သက်ကြီးသတိမေ့ရောဂါ ဖြစ်ပွားမှုကိုပါ လျှော့ချနိုင်ပါတယ်။ မျိုးရိုးမှာ အယ်လ်ဇိုင်းမား ရောဂါရှိသူ ရှိပါက လှုပ်ရှားမှုများတဲ့ နေထိုင်မှုပုံစံနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချ သင့်ပါတယ်။
(၁၀) အရိုးပါးရောဂါ
အရိုးသိပ်သည်းဆနည်းလာပြီး ကြွပ်ဆတ်လာတာကြောင့် အရိုးကျိုးနိုင်ခြေများလာပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်းပြုလုပ်တာတွေသာ မလုပ်ဆောင်ဘူးဆိုရင် အရိုးပါးလာပြီး ကျိုးနိုင်ခြေများပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Featured News:

0 comments:

Post a Comment