Wednesday 19 November 2014

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ
Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံးဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။
ကျောက်တုံးရယ်လို့မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးက အသား၊ ကြွက်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲသွားစေတဲ့ ရောဂါဖြစ်ပါတယ်။ ကမ္ဘ့ ကြောက်စရာအကောင်းဆုံး ရောဂါစာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ်တဲ့ ရောဂါဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါတစ်မျိုးတည်း ထည့်သွင်းသတ်မှတ်ထားပါတယ်။ ရှားရှား ပါးပါးရောဂါမို့လို့ ဖြစ်ပါတယ်။
ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့က Harry Jsaymond Eastlack, Jr. (1933–1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစားရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုးဖြစ်ပေါ်စေတဲ့ ဖိုက်ဘာတစ်ရှုးများ တဖြည်းဖြည်း ဆပွားတိုးလာပြီး တစ်ကိုယ်လုံးကို အရိုးအဖြစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲစေပါတယ်။ အသက် ၄၀ ပြည့်ဖို့ ရက်ပိုင်း အလိုမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခါနီး ကာလမှာဆိုရင် နှုတ်ခမ်းကလွဲလို့ ကျန်တဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှ လှုပ်ရှားလို့ မရတော့ပါဘူး။ Harry ကိုအခြေခံလို့ Tell-Tale အမည်ရ ရုပ်ရှင်ကိုလည်း ၂၀၀၉ ခုနှစ်က ရိုက်ကူးခဲ့ပါတယ်။ မင်းသား Josh Lucas က သရုပ်ဆောင်ပေးထားပါတယ်။

FOB အတွက် ယနေ့အထိလည်း ဆေးမတွေ့ သေးပါဘူး။ Harry ကတော့ သူ့အလောင်းကို Philadelphia ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ယနေ့တိုင်လည်း ရောဂါအတွက် အဖြေရှာဆဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ငါးမန်းမှာရှိတဲ့ ဓတ်တစ်မျိုးက ပျောက်စေမယ်လို့ တွေ့ရှိပြီး ဆန်းသပ်ရာ ဘာမှမထူးခြားခဲ့ပါဘူး။
FOP က မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏာကတော့ ခြေမအရွယ်အစားက သာမန်ထက် ပိုမိုကြီးထွားလာခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံး အရိုး ဖြစ်သွားပုံကတော့ လည်ပင်းကစပါတယ်။ လည်ပင်မှ ပုခုံး၊ ပုခုံးမှ လက်မောင်း၊ လက်မောင်းမှ ဗိုက်၊ ဗိုက်မှ ခြေထောက်အထိ နေက်ဆုံးအပေါ်ကနေ အောက်အထိ တဖြည်းဖြည်း ကူးစက်တာ ဖြစ်ပါတယ်။ ခေါင်းပါပါဝင်ပြီး နှုတ်ခမ်းသာ လှုပ်ရှားလို့ ရတဲ့အထိလည်း အခြေအနေဆိုးပါတယ်။ ဒါကြောင့် လူတစ်ကိုယ်လုံးကို အရိုးစု အဖြစ်သို့ ပြောင်းလဲစေတဲ့ FOP (ကျောက်တုံးရောဂါ) ကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုအဖြစ် သတ်မှတ် ထားပါတယ်။--(internet)

0 comments:

Post a Comment