Wednesday 19 November 2014

ဖရဲသီးစားသုံးခြင်းဖြင့် သွေးပေါင်ချိန်လျော့ကျနိုင်


ဖရဲသီးစားသုံးခြင်းသည် နှလုံးရောဂါနှင့် လေသင်တုန်းဖြတ်ရောဂါတို့တွင် အဓိကအန္ဓာရာယ်ဖြစ်သည့် သွေးပေါင် ချိန်ကို လျော့ကျနိုင်ကြောင်း လေ့လာချက်တစ်ရပ်အရ သိရသည်။ အဆိုပါလေ့လာချက်တွင်ပါဝင်သူ သွေးတိုးရော ဂါရှိသည့် ကိုးနှစ်အရွယ်လူငယ်များကို ဖရဲသီးမှထုတ်ယူရရှိသည့် L-citrulline ဓာတ်ခြောက်ဂရမ်ကို သီတင်းပတ် ခြောက်ပတ် စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ပုံမှန်ဖြစ်လာသည်ကို တွေ့ရှိကြောင်း ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှ အစား အသောက်ဆိုင်ရာသိပ္ပံပညာရှင်များ၏လေ့လာချက်အသစ်တစ်ရပ်အရ သိရသည်။
ဖရဲသီးစားသုံးခြင်းဖြင့် သွေးတိုးနေချိန်တွင် သွေးလွှတ်ကြောမကြီးအတွင်း သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေ သည်။ သို့သော် အခြားတစ်ဖက်တွင်လည်း ကျန်းမာသန်စွမ်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသ မီးများသည် ကျန်းမာသန်စွမ်းကြရန် ဖရဲသီးကို စားသုံးကြသည်။

ဖရဲသီးအလုံးကြီးတစ်လုံးတွင် ကျန်းမာသောသူများ၏ ပုံမှန်သွေးပေါင်ချိန်အတိုင်း ထိန်းညှိပေးသည့် အမိုင်နို အက်ဆစ်၊ L-citrulline ဓာတ်တို့ကြွယ်ဝစွာပါဝင်သည်။ L-citrulline ဓာတ်သည် ကိုယ်ခန္ဓာအတွင်း၌ အခြား သော အမိုင်နိုအက်ဆစ်တစ်မျိုး ဖြစ်သည့် L-citrulline  အဖြစ်သို့အသွင်ပြောင်းသွားသည်။
သို့သော် L-citrulline ကို ဖြည့်စွက်အစားအစားအဖြစ် စားသုံးပါက ပိျု့အန်ခြင်း၊ အစာအိမ်အူလမ်းကြောင်း အောက်ပိုင်း ဆိုင်ရာပြဿနာများနှင့် ၀မ်းလျှောခြင်းတို့ကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် သွေးပေါင်ချိန်မြင့်တက် သူများတွင် အဖြစ်များကြောင်း သိရသည်။

0 comments:

Post a Comment