Wednesday 19 November 2014

တောင်သူပြည်သူ့ဆေးရုံကြီးတွင် ဦးခေါင်းခွံမပါသည့် ကလေးငယ်တစ်ဦးမွေးဖွား


တောင်ငူ   ဇူလိုင်   ၁ဝ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်အခန်းတွင်  ဇူလိုင် ၉ ရက် နံနက် ၁ဝ နာရီက   ဦးခေါင်းခွံမပါသည့်   ကလေးငယ်တစ်ဦး  (အောက်ယာပုံ) မွေးဖွားခဲ့ကြောင်း သိရသည်။
မနှင်းဝတ်ရည်အသက် (၂၅ နှစ်)  မြို့မကျောင်းလမ်းသွယ် (၁၉)ရပ်ကွက် တောင်ငူမြို့နေသူက ကိုယ်အလေးချိန် ငါးပေါင်ခြောက်အောင်စရှိ  အဆိုပါ  ကလေးငယ် (မိန်းကလေး)ကို မွေးဖွားခဲ့ပြီး  တောင်ငူမြို့  ပြည်သူ့ဆေးရုံကြီး  ကလေးအထူးကု  ဆရာဝန်များက  အထူးဂရုစိုက်ထားကြောင်း သိရသည်။

တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးညွန့်ဝေက ''ဒီရောဂါက Aniencephaly ဦးခေါင်းခွံမပါတဲ့  ရောဂါတစ်မျိုးဖြစ်ပြီး ဆေးပညာအရတော့ သိပ်ပြီး အထူးအဆန်းကြီးတော့မဟုတ်ဘူး။ ဖြစ်လေ့ဖြစ်ထရှိတယ်၊ တစ်ထောင်မှာ တစ်ဦးလောက်တော့ဖြစ်နိုင်တယ်၊ မိခင်ကို ကလေး မမွေးဖွားခင်ကတည်းက  အာထရာဆောင်း ရိုက်ကြည့်တော့ ကလေး ဦးခေါင်းခွံမပါဘူးဆိုတာ ပြောပြပြီး ပညာပေးနှစ်သိမ့် ဆွေးနွေးပြီးသားပါ၊ ကလေးကသားဦး လည်းဖြစ်တယ်၊တင်ပါးဆုံကမွေးတော့ ခွဲစိတ်ပြီး  မွေးဖွားခဲ့ ရတယ်၊ ကလေးက အသက်ဆက်ရှင်ဖို့ ရာခိုင်နှုန်း နည်းပါး တယ်၊ အများအားဖြင့်  ဒီလိုမျိုးဆို  အသက်နှင့်ပါလာပြီး မွေးဖွားနိုင်တာရှားတယ်''ဟု ကလေးမွေးဖွားလာပုံနှင့် ပတ်သက်ပြီး ဆေးပညာအရရှင်းပြခဲ့သည်။    
သူရ (တောင်ငူ)

0 comments:

Post a Comment