Wednesday 19 November 2014

နေထီးဆောင်းတာကို ကျောက်ရစ်ကျေးရွာနေ ဒေသခံများ မြင်တွေ့ရ



မြောင်   ဇွန်    ၈

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြောင်မြို့နယ် ကျောက်ရစ် ကျေးရွာနေ ဒေသခံပြည်သူများသည် ဇွန် ၈ ရက် နံနက် ၁၁ နာရီ ၅ မိနစ်ခန့်က ထူးထူးခြားခြားနေထီးဆောင်းသည်ကို မြင်တွေ့ရကြောင်း သိရသည်။

''ကျောက်ရစ်ကျေးရွာက ရွှေပေါင်လောင်စေတီတော်မြတ်ကို ဖူးမြော်နေတုန်း ထူးထူးခြားခြား နေထီးဆောင်းတာကို တွေ့မြင်ရတယ်။ ဖြစ်လေ့ ဖြစ်ထ သိပ်မရှိဘူးဆိုပေမယ့် ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ပဲခူးဘက်မှာလည်း နေထီးဆောင်းတာကို မြင်တွေ့ကြရတယ်။ နှစ်ပေါင်းတော်တော်များများကြာမှ နေထီးဆောင်းတာကို မြင်တွေ့ရလေ့ရှိပေမယ့် လူကြီးသူမတွေက နေထီးဆောင်းတာနဲ့ပတ်သက်ပြီး ရာသီဥတုကိုခန့်မှန်းလေ့ရှိကြတယ်''ဟု ကျောက်ရစ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ နေထီးဆောင်းသည့် မြင်ကွင်းအား ကျောက်ရစ်ကျေးရွာဒေသခံတချို့နှင့် ရွှေပေါင်လောင်စေတီတော်မြတ်ထီးတော်ကို ဖူးမြော်သည့် ဘုရားဖူး လာဧည့်သည်တချို့မှ မြင်တွေ့ရကြောင်း သိရသည်။


0 comments:

Post a Comment