ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)

လောကတွင်အချစ်ရဆုံး အားအထားရဆုံးသည်သင့်အတွက် သင်သာလျှင်ဖြစ်ချေသည်

ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)

ထကြွနိုးကြားမှု၊အခွင့်အရေးကိုမပြတ်ရှုမြင်ပြီးအလျှင်အမြန်ရယူတက်မှုအားဖြင့်သာကံကြမ္မာကောင်းတွေအဆက်မပြတ်ကြုံကြိုက်နိုင်တယ်၊အောင်မြင်ကြီးပွားသူတစ်ဦးဖြစ်လာနိုင်တယ်

ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)

ဖြစ်မြောက်အောင်မြင်အောင်ဆောင်ရွက်ရန် အဓိဋ္ဌာန်ပြတ်သားခိုင်မာပြီဆိုက ယင်းအား အကောင်အထည်ဖော်ရန်နည်လမ်းမှန်ကိုရှာတွေ့မြဲဖြစ်သည်

ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)

"အမှန်တရားဟာကိုယ့်အတွက်စိတ်ချမ်းသာစရာဖြစ်ချင်မှဖြစ်မယ်၊ကိုယ်ကျေနပ်နေတဲ့အဖြေဟာအမှန်တရားဖြစ်ချင်မှဖြစ်မယ်။"

ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)

လူငယ်တယောက်ဟာအရေးကြီးဆုံးအချက်ကငါဟာမုချကြီးပွားအောင်မြင်နေရမယ်ဆိုတဲ့အဓိဋ္ဌာန်ခိုင်ခိုင်မာမာချဖို့အရေးကြီးတယ်

Wednesday 19 November 2014

windows restart ကျပြီး windows ပြန်တင်လို့ မရ တဲ့  error ဖြေရှင်းနည်း



acer aspire E1-410G ကို windows တင်ကြည့် ခြင်း
===============================
Acer aspire E1-410G ကို Windows ပြန်တင်ဖို့ အခက် အခဲ ရှိသူများ အတွက်ပါ။ သုံးနေရင်းနဲ့  restart ကျ ပြီး windows ပြန် လည်း တက်မလာ windows install လုပ် လို့ မရ တဲ့ မိတ် ဆွေ တွေ အတွက်ပါ ။အခု နောက် ထွက်လာ တဲ့  notebook တွေမှာ windows ပြန်တင် တဲ့  အခါ ပြသနာ တော်တော်လေး ရှိပါတယ်။
သိတဲ့ မိတ်ဆွေ တွေ အတွက်တော့ အဆန်းတကြယ် မဟုတ် ပေမဲ့  မသိသေးတဲ့ မိတ်ဆွေ တွေ ငွေကုန်ကြေးကျ သက်သာအောင် ပြန်လည်မျှ ဝေ ပေး လိုက် ပါတယ်။
windows တင်တော့ မယ် ဆို ရင် အများစုကတော့  BIOS ထဲ မှာ BOOT ကို ဝင် ချိန် ကြတဲ့  အခါ UEFI Mode ကနေ Legacy Mode ကိုပြောင်း ပြီး တင်ကြပါတယ်.... အခု နောက် ထွက်လာ တဲ့  လက်တော့ တွေ မှာ ကျ တော့  UEFI MODE ကနေ LEGACY MODE ကိုပြောင်းစရာ မလို ပဲ တိုက်ရိုက် တင် လို့ ရပါတယ်။အောက် မှာ ပုံ နှင့် တကွ ဖော်ပြပေးထားတာမို့ အဆင်ပြေမယ် လို့ မျှော်လင့် ပါတယ်။ UEFI Modeတစ်ခု တည်းပါတဲ့  လက်တော့ တွေ အတွက် လုံးဝ အဆင်ပြေ ပါတယ်။

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး မိုဘိုင်းဖုန်းများ


ခေတ်သစ် လူနေမှု အဖွဲ့အစည်းတွင် မိုဘိုင်းဖုန်းများသည် လူတိုင်းအတွက် မရှိမဖြစ်လောက်အောင် လိုအပ်သော ပစ္စည်းများ ဖြစ်လာသည်။

ခလုတ်များနှိပ်၍ အသုံးပြုရသည့် ခေတ်ဦးမိုဘိုင်းဖုန်းများမှ ယနေ့ခေတ် Touchscreen စမတ်ဖုန်းများထိ နည်းပညာပိုင်း အဆင့်ဆင့် တိုးတက်လာသလို မိုဘိုင်းဖုန်းများ၏ အသုံးတွင်ကျယ်မှုသည်လည်း တစ်ကမ္ဘာလုံးသို့ မြန်ဆန်စွာ ပျံ့နှံ့ခဲ့သည်။

အချမ်းသာ အကြွယ်ဝဆုံး လူပုဂ္ဂိုလ် အချို့ကမူ မိုဘိုင်းဖုန်းကို လိုအပ်ချက်အတွက် အသုံးပြုရန်သာ မကဘဲ အဆောင်အယောင် တစ်ခုအနေဖြင့်ပါ ကိုင်ဆောင်ရန် ဆန္ဒရှိလာသည်။ ယင်းဆန္ဒကို နာမည်ကျော် လက်ဝတ်ရတနာ လုပ်ငန်းများ၊ ဖက်ရှင်လုပ်ငန်းများက လက်တွေ့ဖြည့်ဆည်းပေးလိုက်သည့်အခါ သာမန်လူများ လက်လှမ်းမမီနိုင်လောက်အောင် တန်ဖိုးမြင့်မားသည့် မိုဘိုင်းဖုန်းများ ဖြစ်လာသည်။

မိုဘိုင်းဖုန်း ယဉ်ကျေးမှု တစ်စထက်တစ်စ တွင်ကျယ်လာသည့် ကာလတစ်လျှောက် ဒီဇိုင်းပိုင်း

ထူးဆန်း ဘုရားရှိခိုးကျောင်း...

ချက်(ခ်)ရီပက်ဗလစ်နိုင်ငံက လူအရိုးတွေနဲ့ ပြုလုပ်ထားတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ခုဖြစ်ပါတယ်...နှစ်ပေါင်းတစ်ထောင်နီးပါးရှိပြီဖြစ်တဲ့ ဒီဘုရားရှိခိုးကျောင်းဟာ တခြားဘုရားကျောင်းတွေလို မဟုတ်ပဲ ဘာသာရေးစစ်ပွဲအတွင်း ကျဆုံးသွားသူတွေရဲ့အရိုးတွေနဲ့ အလှဆင်ထားတယ်လို့ ဆိုပါတယ်...

Churchmade up of humen bones Really amazingChurchmade up of humen bones Really amazing

အချိုရည် တစ်နေ့တစ်ခွက် သောက်သုံးလျှင် ဆီးချိုနှင့် အဝလွန်မှု ဖြစ်ပွားနိုင်


အချိုရည်များကို တစ်နေ့လျှင် တစ်ခွက်ခန့် သောက်သုံးပါက အသက်အရွယ် ရလာသောအခါ ဆီးချိုရောဂါ ဖြစ်ပွားရန် ရာခိုင်နှုန်းများ ပြားလျက် ရှိကြောင်း  အမေရိကန်ကျန်းမာရေး သုတေသနပညာရှင်များက  ပြောကြားသည်။
အမေရိကန် ကျန်းမာရေးသုတေ သနပညာရှင်များ၏ သုတေသနပြု ချက်အရ တစ်နေ့လျှင်  တစ်ခွက် နှုန်း အချိုရည်သောက်သုံးပါက  တစ် လခန့်အကြာ၌ပင်   အဆင့်-၂ ဆီး ချိုရောဂါဖြစ်ပွားနိုင်မှုနှုန်း  များလာ ကြောင်း  တွေ့ရှိရသည်ဟု   ဖော်ပြ ထားသည်။
တစ်ဖန်  အချိုပါရှိသော  အစား အစာများနှင့် အချိုရည်များသောက် သုံးခြင်းသည် ခန္ဓာကိုယ်အလေးချိန် တိုးစေသည့်   အချက်တစ်ချက်အဖြစ် လည်း    ပါဝင်နေကြောင်း တွေ့ရှိရ သည်ဆို၏။    ထိုသို့ အချိုရည်သည်  ဆီးချိုနှင့်   အဝလွန်မှုတို့ဖြင့် ဆက်စပ် နေမှုကို   ဗြိတိန်၊  ဂျာမနီ၊ ဒိန်းမတ်၊ အီတလီ၊ စပိန်၊  ဆွီဒင်၊ ပြင်သစ်နှင့်   နယ်သာလန်တို့တွင်လည်း သုတေသန ပြုချက်များ၌  တွေ့ရှိခဲ့သည်။
ထို့အတူ    အမျိုးသား အမျိုး သမီး ၃၅၀ဝ၀ဝ ခန့်   သုတေသန ပြုခဲ့ရာ  အချိုရည်သောက်သုံးမှုများ သည်   ကင်ဆာဖြစ်ပွားမှုနှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊  နေ့စဉ် အချိုရည်တစ်ခွက်ခန့်သာ  သောက် သုံးသော်လည်း  ဆီးချိုနှင့်  အခြား ရောဂါဆိုးများ  ဖြစ်ပွားနိုင်မှုနှုန်းများ ကြောင်းတွေ့ရှိခဲ့သည်ဟု  သုတေသန အဖွဲ့ခေါင်းဆောင် ဒိုရာရိုမာဂွီရာက ပြောကြားသည်။
အချိုရည်ဟုဆိုသော်လည်း သစ် သီးဖျော်ရည်များမှာမူ ဆိုးကျိုး သက်ရောက်မှုမရှိကြောင်း၊  စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေသော အချိုရည် များအား  သောက်သုံးခြင်းသည်သာ  အဝလွန်မှုနှင့်   ဆီးချိုရောဂါဖြစ်ပွားမှု ဆက်စပ်နေောကာင်း  ၄င်းက  ပြော ကြားသည်။
(ဘီဘီစီ)
Featured News:

ဖရဲသီးစားသုံးခြင်းဖြင့် သွေးပေါင်ချိန်လျော့ကျနိုင်


ဖရဲသီးစားသုံးခြင်းသည် နှလုံးရောဂါနှင့် လေသင်တုန်းဖြတ်ရောဂါတို့တွင် အဓိကအန္ဓာရာယ်ဖြစ်သည့် သွေးပေါင် ချိန်ကို လျော့ကျနိုင်ကြောင်း လေ့လာချက်တစ်ရပ်အရ သိရသည်။ အဆိုပါလေ့လာချက်တွင်ပါဝင်သူ သွေးတိုးရော ဂါရှိသည့် ကိုးနှစ်အရွယ်လူငယ်များကို ဖရဲသီးမှထုတ်ယူရရှိသည့် L-citrulline ဓာတ်ခြောက်ဂရမ်ကို သီတင်းပတ် ခြောက်ပတ် စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ပုံမှန်ဖြစ်လာသည်ကို တွေ့ရှိကြောင်း ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှ အစား အသောက်ဆိုင်ရာသိပ္ပံပညာရှင်များ၏လေ့လာချက်အသစ်တစ်ရပ်အရ သိရသည်။
ဖရဲသီးစားသုံးခြင်းဖြင့် သွေးတိုးနေချိန်တွင် သွေးလွှတ်ကြောမကြီးအတွင်း သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေ သည်။ သို့သော် အခြားတစ်ဖက်တွင်လည်း ကျန်းမာသန်စွမ်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသ မီးများသည် ကျန်းမာသန်စွမ်းကြရန် ဖရဲသီးကို စားသုံးကြသည်။

ရှားစောင်းလက်ပက် နှင့် လူ့ကျန်းမာရေး


ရှားစောင်းလက်ပက် နှင့် လူ့ကျန်းမာရေး
ရှားစောင်းလက်ပက်ဟာ အရေအပြား ကျန်းမာရေးအတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။သူ့ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ အရေအပြားမှာ ရှိတဲ့ ဆဲလ်တွေ ကို အောက်စီဂျင်ဓာတ် ပေးစွမ်းခြင်း ဖြစ်ပါတယ်။ ယင်းသို့ ပေးစွမ်းခြင်းဖြင့် တစ်ရှုးများကို အလိုလို ပြုပြင်သန်မာစေပါတယ်။ ဒီတော့ အရေအပြား အတွက် သူ့ရဲ့ ကောင်းကျိုးများက အောက်ပါအတိုင်း ဖြစ်ပါတယ်။မီးလောင်နာ၊ အရည်ကြည်ဖု၊ နေလောင်ဒဏ်ကြောင့် ပျက်ဆီးသော အရည်အပြား၊ ထိခိုက်ရှနာမှ ကျန်ရှိသော အမာရွတ်၊ အပူလောင်၊ ယားနာ၊ ဓာတ်မတည့်၍ ထသော အနီဖု၊ စပ်ဖျင်းဖျင်း အနာ၊ နှင်းခူနှင့် အခြားအရေအပြားရောဂါတွေကို ရှားစောင်းလက်ပက်အသား (အနှစ်) လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။ မျက်နှာကို လိမ်းပေးခြင်း၊ ကပ်ပေးခြင်းကလည်း မျက်နှာအသားအရေ ပြုပြင်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဝက်ခြံ၊ တင်းတိမ့်များ ပျောက် ကင်းပြီး အသားအရေ နူးညံ့ချောမွေ့ စေပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းအချို့ နဲ့ ကိုယ့်သန့်စင်ဆေးရေ၊ ဆပ်ပြာတို့မှာ ရှားစောင်း လက်ပက် များ ထည့်သုံးခြင်း ဖြစ်ပါတယ်။ ယင်းကတော့ အပြင်က

ခရမ်းချဉ်သီးက နှလုံးဖောက်ပြန်မှုဖြစ်နိုင်ခြေ လျော့နည်းစေနိုင်


ခရမ်းချဉ်သီး အခွံတွင်ပါရှိသည့် ဓာတ်ပစ္စည်းများကို ထည့်သွင်းထားသည့် Ateronon ဆေးတောင့်သည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများအတွင်း သွေးခဲမှုကို တားဆီးရာတွင်များစွာ အထောက်အကူ ဖြစ်စေနိုင် ကြောင်းသိရှိရသည်။ ခရမ်းချဉ်သီးတွင် ပါဝင်သော ဓာတုသတ္တိများက နှလုံးဖောက်ပြန်မှု ဝေဒနာ ခံစားရနိုင်ခြေ ကို လျော့နည်းစေကြောင်း သုတေသီများက ထောက်ခံပြောဆိုလိုက်သည်။
ခရမ်းချဉ်သီးအခွံတွင် ပါရှိသည့် ဓာတုပစ္စည်းများကို ထည့်သွင်းထားသည့် Ateronon ဆေးတောင့်သည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများအတွင်း သွေးခဲမှုကို တားဆီးရာတွင် များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း သိရှိရသည်။ နောက်ထပ် အသစ်တွေ့ရှိ မှုများအရလည်း သွေးကြောများ၏ အလုပ်လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးသလို သွေးစီးဆင်းမှုကို မြန်ဆန် အောင် Aterononက ကူညီပေးကြောင်း ဖော်ထုတ်လာနိုင်သည်။ ယင်းသည် ခရမ်းချဉ်သီးနှင့်

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း


     ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝနည်းလမ်းက ဆီးချိုရောဂါရှိသူ များအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်းတစ်ခု ဖြစ်ပါတယ်။ ဆီးချိုတင်မက သွေးချိုလည်း ပျောက်ပါတယ်။ ဆေးသာက်နေရသူများလည်း အသုံးပြုလို့ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။
     ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်းလိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကိုဖယ်လို့ သောက်နိုင် ပါပြီ။
     ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့လိုပြီး ရေသန့်နဲ့စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ လနဲ့စွဲသောက်ရင် သိသိသာသာ ကျဆင်းပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေတတ်ရင် ဒီရုံးပတီသီးစိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။  (အင်တာနက်)
Featured News:

လှုပ်ရှားမှု နည်းလျှင် သင့်ကျန်းမာရေးကို ထိခိုက်နိုင်


လှုပ်ရှားမှု နည်းသော နေထိုင်မှုပုံစံကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နိုင်သည်များ အထိုင်များတာက သင့်ကျန်းမာရေးအတွက် မကောင်းသလို မတ်တတ်ရပ်တာများရင်လည်း ခြေသလုံးကြွက်သားတွေ တောင့်တင်းတာ၊ ခြေဖဝါးတွေ ကျိန်းတာ၊ ခြေဖနောင့် နာတာတွေ ခံစားရနိုင်တာကြောင့် သင့်တစ်နေ့ တာမှာ မတ်တတ်ရပ်တာနဲ့ ထိုင်တာကို မျှခြေဖြစ်အောင် ကြိုးစားပါ။ လေ့ကျင့်ခန်းမလုပ်တဲ့အခါ သင့်ခန္ဓာ ကိုယ်က ကြွက်သားတွေ တောင့်တင်းနေတာကြောင့် တက်ကြွလန်းဆန်းမှုမရှိ ဖြစ်နေတတ်ပါတယ်။ တစ်နေ့ ငါး-ခြောက်ကြိမ်လောက် ခန္ဓာကိုယ်ကို အကြောဆန့်ပေးတာမျိုး လုပ်ဆောင်ပေးပါ။ ရုံးတွင်းမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ထိုင်ရာကမထဘဲ စကားလှမ်းပြောမယ့်အစား နေရာအရောက်သွားပြီး စကားပြောဆိုပါ။ ဖုန်းပြောတဲ့အခါ လမ်းလျှောက်ပြီးပြောပါ။ သင့်တစ်နေ့တာ အချိန်တွေမှာ လှုပ်ရှား ဆောင်ရွက်နေတာထက် ထိုင်နေတဲ့ အချိန်က ပိုများနေပါ သလား။
လှုပ်ရှားမှု နည်းတာကြောင့် အဝလွန်တာ၊ သွေးတိုးတာတွေအပြင် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေများစေ ပါတယ်။ ဒါ့အပြင် တခြား ဖြစ်နိုင်ခြေများတဲ့

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ


(၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ… နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြောတွေဟာ လည်ချောင်း ထဲက ကြွက်သားတွေကို အလိုအလျောက်ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်…
(၂) လူတွေဆူညံနေတဲ့နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင်ဖြစ်နေပါသလား.... ရုတ်ချည်းပြောလိုက်တဲ့အသံကို ကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....
(၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်းဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင်နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ် လေးတွေအကြောင်း စိတ်ကူးယဉ်လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....
(၄) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့် လိုက်ပါ... ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန်ထဲက ဖိအားကိုမြင့်တက် စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာပေးပို့တဲ့အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...
(၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူလမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထားအတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါစေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

ရေနွေးညသိပ် အဆိပ်ထက်ပြင်း


(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။
(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲ့ ရေနွေးနဲ့ဖျော်ပါ။
(၃) ဓာတ်ဗူးထဲက ရေနွေးနဲ့ဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာ လှောင်ထားသော ရေနွေးကိုမသုံးသင့်ပါ။
(၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးပါနဲ့။ ပြန်ကျိုချက်ပြီး မသုံးပါနဲ့။
(၅)ညသိပ်ရေနွေး။ ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီ အတွင်းမှာ ရေနွေးမသောက်ပါနဲ့။ အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲ့ တိုင်းရင်းဆေးပညာ ဥပဒေသ အယူအဆတွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။.
By ထွန်းတောက်နိုင်ငံခြားဆေးနှင့်မြန်မာဆေးမျိုးစုံဆိုင်(Tun Tauk Pharmacy)
Featured News:

ရှောက်ရည်သောက်ခြင်း၏ အကျိုးကျေးဇူးများ


ရှောက်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာကတည်းကပင် အသုံးပြုခဲ့ကြပါတယ်။ရှောက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း(၂)အစာခြေရန် ကူညီနိုင်ခြင်း(၃)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း(၄)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း(၅)အစာစားချင်စိတ်ကို ချိုးနှိမ်ပေးခြင်း(၆)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း(၇)အနာကျက်မြန်စေခြင်း(၈)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း(၉)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း(၁၀)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း(၁၁)ရင်ကျပ်ပန်းနာ သက်သာစေခြင်း(၁၂)ပို့ ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း(၁၃)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း(၁၄)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း(၁၅)ဆံပင်သန်မာစေခြင်းဒေါက်တာ ခင်မိုးမိုးcredit to Health Articles
Featured News:

ကိုယ်အလေးချိန် လျှော့ချရေး သဘာဝနည်းလမ်း ၁၀ ဖြာ


သင့်ကျန်းမာရေးအတွက် ကိုယ်အလေးချိန် လျှော့ချရေး သဘာဝနည်းလမ်း ၁၀ ဖြာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁)အသီးအနှံနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကယ်လိုရီ အနည်းငယ်သာပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဝလွန်တဲ့သူတွေဟာ ဒီအစားအစာတွေကို မကြာခဏ ပိုစားသင့်ပါတယ်။
(၂)ဆားဟာ ခန္ဓာကိုယ်အလေးချိန် တိုးမြင့်ရတဲ့ အဓိကအကြောင်းတစ်ရပ် ဖြစ်တာောကာင့် ဆားအလွန်အကျွံ စားသုံးခြင်းကလည်း ရှောင်ကျဉ်ရပါမယ်။
(၃)နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲတွေ ထောပတ်တွေဟာလည်း အဆီဓာတ် ကြွယ်ဝတာကြောင့် ရှောင်ကျဉ် သင့်ပါတယ်။ အသားနဲ့ အသီးအရွက်မဟုတ်တဲ့ အစားအစာတွေကိုလည်း ရှောင်ကျဉ် သင့်ပါတယ်။

စတော်ဘယ်ရီသီး


စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးမှာ အလွန်ကောင်းမွန် မြင့်မားတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ အတွက် စားသုံးသူတွေအတွက် အလွန်အကျိုးများစေတဲ့အသီး ဖြစ်ပါတယ် ခန္ဓာကိုယ်ကို ရောဂါဖြစ်ပွားမှုကနေ အကာအကွယ် ပေးတဲ့ အသီးလို့တောင် တင်စား ကြပါတယ်.. ၄င်းဟာ ကင်ဆာဖြစ်ခြင်း၊ သွေးဖိအားမြှင့်တက်ခြင်း၊ တုတ်ကွေး ဖြစ်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး ဦးနှောက်အတွင်းရှိ ဆဲလ်များကို အားကောင်းစေတယ်လို့ သိရပါတယ်.. ဘယ်ရီသီး အားလုံးဟာ ကျန်းမာရေးအတွက် အလွန် ကောင်းမွန်ပြီး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်မှုကြောင့် လူကို နုပျိုစေနိုင်တယ် လို့ ဆိုပါတယ်.. ဒီလိုဆိုရင်ဖြင့် စတော်ဘယ်ရီအပါအ၀င် ဘယ်ရီသီးကို များများ စားသင့်ပါတယ်နော်။
Featured News:

နယူးဇီလန်အမျိုးသမီး သေဆုံးမှု ကိုကာကိုလာသောက်ခြင်းနှင့် ဆက်စပ်နိုင်


လွန်ခဲ့သည့် (၃)နှစ်က သေဆုံးခဲ့သည့် အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်တွင် ကိုကာကိုလာ အချိုရည် အမြောက်အမြား လွန်ကဲစွာ သောက်သုံးခဲ့ခြင်းက ဆက်နွယ်မှု ရှိနေကြောင်း သိရသည်။
အမျိုးသမီးတစ်ဦး သေဆုံးမှုတွင် ကိုကာကိုလာ အချိုရည် သောက်သုံးမှုက ပါဝင်ဆက်နွယ်မှု တစ်ခု ဖြစ်နိုင်ခြင်းအပေါ် မိမိတို့ စောင့်ကြည့် လေ့လာနေကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။ ထိုအချက်က ကမ္ဘာကျော် ဖျော်ရည် အမှတ်တံဆိပ်ကို နှစ်ခြိုက်စွာ သောက်သုံးနေသူများအတွက် ထိတ်လန့်စရာ သတင်းမျိုး ဖြစ်လာသည်။ လွန်ခဲ့သည့် (၃)နှစ်က သေဆုံးခဲ့သည့် အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်တွင် ကိုကာကိုလာ အချိုရည် အမြောက်အမြား လွန်ကဲစွာ သောက်သုံးခဲ့ခြင်းက ဆက်နွယ်မှု ရှိနေကြောင်း သိရသည်။

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ
Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံးဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။
ကျောက်တုံးရယ်လို့မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးက အသား၊ ကြွက်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲသွားစေတဲ့ ရောဂါဖြစ်ပါတယ်။ ကမ္ဘ့ ကြောက်စရာအကောင်းဆုံး ရောဂါစာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ်တဲ့ ရောဂါဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါတစ်မျိုးတည်း ထည့်သွင်းသတ်မှတ်ထားပါတယ်။ ရှားရှား ပါးပါးရောဂါမို့လို့ ဖြစ်ပါတယ်။
ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့က Harry Jsaymond Eastlack, Jr. (1933–1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစားရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုးဖြစ်ပေါ်စေတဲ့ ဖိုက်ဘာတစ်ရှုးများ တဖြည်းဖြည်း ဆပွားတိုးလာပြီး တစ်ကိုယ်လုံးကို အရိုးအဖြစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲစေပါတယ်။ အသက် ၄၀ ပြည့်ဖို့ ရက်ပိုင်း အလိုမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခါနီး ကာလမှာဆိုရင် နှုတ်ခမ်းကလွဲလို့ ကျန်တဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှ လှုပ်ရှားလို့ မရတော့ပါဘူး။ Harry ကိုအခြေခံလို့ Tell-Tale အမည်ရ ရုပ်ရှင်ကိုလည်း ၂၀၀၉ ခုနှစ်က ရိုက်ကူးခဲ့ပါတယ်။ မင်းသား Josh Lucas က သရုပ်ဆောင်ပေးထားပါတယ်။

ကမ္ဘာ့ အသေးဆုံး မျောက် (မျောက်လက်ညိုး)


ပုံမှာ မြင်တွေ့ ရတာကတော့ ကမ္ဘာ့ အသေးဆုံး မျောက်လို့ သတ်မှတ်ထားတဲ့ Finger monkey ဖြစ်ပါတယ်။
အမှန်တော့ သူ့ရဲနာမည်ရင်းက Pygmy marmoset ဖြစ်ပြီး အိတ်ကပ်ထဲ ထည့်သိမ်းရလောက်အောင် သေးတဲ့ အတွက် Pocket monkey, ခြသေ့ပိစိ၊ မျောက်လက်ညိုး အစရှိသဖြင့် စုံလင်စွာ နာမည်ပေးထားပါတယ်။
တောင်အမေရိကတောမှာ နေထိုင်ကျက်စားပြီး ဘရာဇီး၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ဘိုလီဗီးယား အစရှိတဲ့ နိုင်ငံများမှာ အတွေ့များပါတယ်။ အရွယ်အစားအားဖြင့်ကလည်း ၅.၅ လက်မ ကနေ ၆.၃ လက်မ ဝန်းကျင် အထိပဲ ရှည်ပါတယ်။ အလေးချိန်ကတော့ ၁၂၀ ဂရမ် ရှိပါတယ်။
ယနေ့ချိန်မှာဆိုရင် မျောက်လက်ညိုးကို အမေရိကန်အပြင် ကမ္ဘာတစ်လွားက ဈေးကြီးပေးလို့ အလှမွေးလျက် ရှိကြောင်း သိရပါတယ်။

အသက် ၁၀၆ နှစ်တွင် အထက်တန်းကျောင်းအောင်လက်မှတ်ရသည့်အဖွား


အသက် ၁၀၆ နှစ်တွင် အထက်တန်းကျောင်းအောင်လက်မှတ်ရသည့်အဖွား
အမေရိကန်၊ အိုဟိုင်းအိုးမှ အသက် ၁၀၆ နှစ်အရွယ်ရှိအဖွားတစ်ယောက်အား အထက်တန်း ကျောင်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၃ ရက်နေ့က သူမ၏နေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ရီဘာဝီလျှံဆိုသည့် အဖွားတစ်ဦးသည် မောင့်ဗာရွန် ကျောင်းမှ ပေးအပ်ချီးမြှင့်သည့် အထက်တန်းကျောင်းအောင်လက်မှတ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ရီဘာ၏ သမီးဖြစ်သူ လာဗာတာကသတင်းထောက်များအား ပြန်လည်ပြောကြားရာတွင် သူမမိခင်သည် မောင့်ဗာရွန် အထက်တန်းကျောင်းတွင်

လေထဲပျံနေတဲ့လူသေးသေးလေးတွေ (Fairy) တွေအပြင်မှာတကယ်ရှိသလား


      ဒါကတော့ အထူးအဆန်းလေးပါ....အင်ဂလန်နိုင်ငံရဲ့ ကျေးလက်ဒေသဖြစ်တဲ့ ဒါဘီရှိုင်းယားလို့ခေါ်တဲ့ တောရွာလေးမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ဒေသခံတွေက ညဘက်တွေမှာဆိုရင် တစ်ခါတစ်လေ Fairy လေးတွေကိုတွေ့တတ်တယ်လို့ ပြောပါတယ်။ ဒါဘီရှိုင်းယားရဲ့ မြစ်နားတစ်ဝိုက်နဲ့ သစ်ပင်ကြီးတွေမှာ တစ်ခါတစ်ရံ တွေ့ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ကနေ အလင်းရောင်တွေထွက်ပါတယ်။ သူတို့ရှိတဲ့နေရာကို လူတွေသွားရင်သူတို့ရဲ့ အလင်းရောင်က တဖြည်းဖြည်းမှိန်သွားပြီး ပျောက်ကွယ်သွားတယ်လို့ပြောပါတယ်။
            ပုံထဲမှာပြထားတဲ့ အကောင်လေးကို ဒေသခံတစ်ယောက်က သူ့ရဲ့လယ်ကွင်းထဲက တောင်ပို့နားလေးမှာတွေ့တာပါ။

ဆင်၊ ကြံ့၊ မျောက်နှင့် သဏ္ဌာန်တူ ဝက်ကလေးသုံးကောင် မွေးဖွားခဲ့သည့် ဇေယျာသီရိမှ ဝက်မကြီး



နေပြည်တော်    မေ    ၁၄
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာ တွင် ဝက်မကြီးတစ်ကောင်မှ ဝက်သား ပေါက်  ခြောက်ကောင်မွေးဖွားရာ ဆင်တစ်ကောင်၊  ကြံ့တစ်ကောင်နှင့်   မျောက်မျက်နှာနှင့် ဝက်ခန္ဓာကိုယ် တစ် ကောင်မွေးဖွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော် ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု မရင်းကြီးကျေးရွာနေ ကိုသန်းနိုင်-မဇင်မာဦးတို့မွေးမြူထားသော ဇီးလေးလပြည့်ဝက်မကြီးက မေ ၁၄ ရက်နံနက် ၉နာရီတွင် သားပေါက် ကလေြးေ ခာက်ကောင် မွေးဖွားရာတွင် ပထမအကြိမ်  ဝက်ထီးတစ်ကောင်၊ ထို့နောက် ကြံ့အထီးတစ်ကောင်၊ ဆင် အထီးတစ်ကောင်၊ မျောက်မျက်နှာနှင့် ဝက်ခန္ဓာကိုယ်အထီးတစ်ကောင်နှင့်   ဝက်မငယ်နှစ်ကောင် မွေးဖွား ခဲ့ကြောင်း၊ ယခုမွေး ဖွားသော သားပေါက်ကလေးများမှာ  အလျားရှစ်လက်မခန့်ရှိပြီး ဆင်ပေါက်ကလေးမှာ နှာမောင်းတစ်ခု၊ ဆင်မျက်လုံးနှင့်တူသော မျက်လုံးနှစ်လုံးပါရှိပြီး ကြံ့ပေါက်လေးမှာမျက်နှာအလယ်တည့်တည့် မှာ  မျက်လုံးကြီးတစ်လုံး၊   မျက်လုံး အထက်တွင်   ဦးချိုနုတစ်ခု ပါရှိကြောင်း သိရသည်။

တောင်သူပြည်သူ့ဆေးရုံကြီးတွင် ဦးခေါင်းခွံမပါသည့် ကလေးငယ်တစ်ဦးမွေးဖွား


တောင်ငူ   ဇူလိုင်   ၁ဝ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်အခန်းတွင်  ဇူလိုင် ၉ ရက် နံနက် ၁ဝ နာရီက   ဦးခေါင်းခွံမပါသည့်   ကလေးငယ်တစ်ဦး  (အောက်ယာပုံ) မွေးဖွားခဲ့ကြောင်း သိရသည်။
မနှင်းဝတ်ရည်အသက် (၂၅ နှစ်)  မြို့မကျောင်းလမ်းသွယ် (၁၉)ရပ်ကွက် တောင်ငူမြို့နေသူက ကိုယ်အလေးချိန် ငါးပေါင်ခြောက်အောင်စရှိ  အဆိုပါ  ကလေးငယ် (မိန်းကလေး)ကို မွေးဖွားခဲ့ပြီး  တောင်ငူမြို့  ပြည်သူ့ဆေးရုံကြီး  ကလေးအထူးကု  ဆရာဝန်များက  အထူးဂရုစိုက်ထားကြောင်း သိရသည်။

ဦးခေါင်းနှစ်လုံးပါနွားကလေး ပင်လယ်ကြီးကျေးရွာတွင် မွေးဖွား


စဥ့်ကူး   စက်တင်ဘာ   ၁၉
စဥ့်ကူးမြို့နယ်တွင် ထူးခြားစွာတွေ့ခဲလှသည့် ဦးခေါင်းနှစ်လုံးပါနွားကလေး တစ်ကောင်ကို ပင်လယ် ကြီးကျေးရွာ တောင်ယာစိုက်ခင်းလုပ်ကိုင်သူ ဦးစံလှနေအိမ်တွင် မိခင်နွားမကြီးက မွေးဖွား ကြောင်း သိရသည်။
“ဒီနွားမကြီးက ဒီတစ်သားနဲ့ဆို သုံးသားရှိသွားပြီ။ သုံးသားမြောက်မှာ  ဒီခေါင်းနှစ်လုံးပါနွားကလေး ထူးထူးဆန်းဆန်းမွေးဖွားပြီး အံ့ဩဖို့ကောင်းပါတယ်။ မွေးစကတော့ အသက်ရှင်လျက်ရှိပါတယ်။ ကျွန်တော့်အထင်တော့ လမစေ့ဘဲ မွေးတာဖြစ်လို့ မွေးပြီးမကြာခင်မှာ သေသွားတာဖြစ်နိုင်တယ်’’ဟု ဦးစံလှက ပြောပြသည်။

နေထီးဆောင်းတာကို ကျောက်ရစ်ကျေးရွာနေ ဒေသခံများ မြင်တွေ့ရ



မြောင်   ဇွန်    ၈

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြောင်မြို့နယ် ကျောက်ရစ် ကျေးရွာနေ ဒေသခံပြည်သူများသည် ဇွန် ၈ ရက် နံနက် ၁၁ နာရီ ၅ မိနစ်ခန့်က ထူးထူးခြားခြားနေထီးဆောင်းသည်ကို မြင်တွေ့ရကြောင်း သိရသည်။

''ကျောက်ရစ်ကျေးရွာက ရွှေပေါင်လောင်စေတီတော်မြတ်ကို ဖူးမြော်နေတုန်း ထူးထူးခြားခြား နေထီးဆောင်းတာကို တွေ့မြင်ရတယ်။ ဖြစ်လေ့ ဖြစ်ထ သိပ်မရှိဘူးဆိုပေမယ့် ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ပဲခူးဘက်မှာလည်း နေထီးဆောင်းတာကို မြင်တွေ့ကြရတယ်။ နှစ်ပေါင်းတော်တော်များများကြာမှ နေထီးဆောင်းတာကို မြင်တွေ့ရလေ့ရှိပေမယ့် လူကြီးသူမတွေက နေထီးဆောင်းတာနဲ့ပတ်သက်ပြီး ရာသီဥတုကိုခန့်မှန်းလေ့ရှိကြတယ်''ဟု ကျောက်ရစ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ နေထီးဆောင်းသည့် မြင်ကွင်းအား ကျောက်ရစ်ကျေးရွာဒေသခံတချို့နှင့် ရွှေပေါင်လောင်စေတီတော်မြတ်ထီးတော်ကို ဖူးမြော်သည့် ဘုရားဖူး လာဧည့်သည်တချို့မှ မြင်တွေ့ရကြောင်း သိရသည်။

မွေးရာပါ ခြေလေးချောင်းကလေးငယ် ခွဲစိတ်ကုသမည်



ပဲခူးတိုင်းဒေသကြီး    ဒိုက်ဦး မြို့နယ်မှ  မွေးရာပါခြေလေးချောင်း ပါသည့်  ကလေးငယ်တစ်ဦး ခွဲစိတ် ကုသရန် ရန်ကင်းကလေးဆေးရုံကြီး သို့  ရောက်ရှိနေကြောင်းကြားသိရ သဖြင့် ကလေးငယ်၏အခြေအနေနှင့် ခွဲစိတ်ကုသမှု   အစီအစဉ်များကို သိရှိလိုပါသဖြင့်  အဆိုပါဆေးရုံကြီး သို့ ရောက်ရှိခဲ့သည်။

ခြေလေးချောင်းပါသည့် ကလေး ငယ်မှာမိန်းကလေးဖြစ်ပြီး  ရန်ကင်း ကလေးဆေးရုံကြီးသို့  ဆေးကုသမှု ခံယူရန် ရောက်ရှိနေသည်။ ကလေး မှာ  တစ်နှစ်နီးပါးအရွယ်ရှိနေပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်၏မိဘများ မှာ ဦးမောင်လွင်နှင့် ဒေါ်ဌေးတို့ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အင်းကျင်းစုကျေးရွာတွင် ဤကလေး ငယ်ကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၁၄ရက်က မွေးဖွားခဲ့ခြင်းဖြစ်သည်။ ကလေးငယ်၏ အမည်မှာ  မဖူးပွင့် ဖြစ်ကြောင်း၊  လူနာကလေးငယ်ကို ပဲခူးမြို့  ဒိုက်ဦးဆေးရုံမှတစ်ဆင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် စစ် ဆေးစမ်းသပ်ခွဲစိတ်မှုခံယူရန် ရောက် ရှိခဲ့ကြောင်း သိရသည်။

၁၃-၇-၂၀၁၃ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကသခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ


 ရေးသားသူ- ထွန်းခိုင်

လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။
ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။


လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနော
က် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။

ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

ရွှေတိဂုံစေတီတော်အောက်ကလျို့ဝှက်၂ခုကိုအာမေးနီးယန်း လူမျိုးတစ်ယောက်ကသိ


ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ယုံကြည်ကိုးကွယ်ရာစေတီတော်ကြီးဖြစ်တဲ့ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေအတက်အကျအလိုက်ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ
့ရွှေလှေတစ်စီးရှိတယ်လို့မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရသိရှိရပါတယ်။

မစ္စတာအပရမေကိုကြေးမုံသတင်းစာကတွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊သူ့ရဲ့အသက်(၇) နှစ်သားအရွယ်မှာသူငယ်ချင်းတွေနဲ့အတူရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိဌာပနာတိုက်ဝကိုရောက်တဲ့အခါမှာရသေ့ကြီးတစ်ပါးနဲ့တွေ့လို့ချဉ်းကပ်တောင်းပန်ပြီးဌာပနာတိုက်ထဲကိုဆင်းခဲ့တယ်လို့ဆိုပါတယ်။ရသေ့ကြီးရဲ့ခွင့်ပြုချက်အရဌာပနာတိုက်ထဲကိုဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်းတည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။

မိန်းမအစစ်တွေ အရှုံးပေးရမဲ့ ဖြတ် ဖောက် ချုပ် သူများရဲ့ အလှ






လောကမှာ မိန်းမသားတဦးရဲ့ အလှတရားကို အမျိုးသားတွေ လိုက်မမီဘူးဆိုတဲ့ စကားက အခုခေတ်ကြီး မှာ မှား သွားပြီထင်ပါတယ်။

အခုမြင်တွေ့ရမယ့် ထိုင်းနိုင်ငံက အခု ၂၀၁၄ ခုနှစ်၊ လေဒီဘွိုင်း အလှမယ်ပြိုင်ပွဲက ပြိုင်ပွဲဝင်တွေရဲ့ ဓာတ်ပုံတွေ က အမျိုးသားတွေရဲ့ အမျိုးသမီးတွေ ရှုံးလောက်တဲ့ အလှကို မျက်ဝါးထင်ထင်မြင်စေပါပြီ။