ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)
လောကတွင်အချစ်ရဆုံး အားအထားရဆုံးသည်သင့်အတွက် သင်သာလျှင်ဖြစ်ချေသည်
ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)
ထကြွနိုးကြားမှု၊အခွင့်အရေးကိုမပြတ်ရှုမြင်ပြီးအလျှင်အမြန်ရယူတက်မှုအားဖြင့်သာကံကြမ္မာကောင်းတွေအဆက်မပြတ်ကြုံကြိုက်နိုင်တယ်၊အောင်မြင်ကြီးပွားသူတစ်ဦးဖြစ်လာနိုင်တယ်
ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)
ဖြစ်မြောက်အောင်မြင်အောင်ဆောင်ရွက်ရန် အဓိဋ္ဌာန်ပြတ်သားခိုင်မာပြီဆိုက ယင်းအား အကောင်အထည်ဖော်ရန်နည်လမ်းမှန်ကိုရှာတွေ့မြဲဖြစ်သည်
ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)
"အမှန်တရားဟာကိုယ့်အတွက်စိတ်ချမ်းသာစရာဖြစ်ချင်မှဖြစ်မယ်၊ကိုယ်ကျေနပ်နေတဲ့အဖြေဟာအမှန်တရားဖြစ်ချင်မှဖြစ်မယ်။"
ရဲလင်း(နည်းပညာပြန်လည်မျှဝေခြင်း)
လူငယ်တယောက်ဟာအရေးကြီးဆုံးအချက်ကငါဟာမုချကြီးပွားအောင်မြင်နေရမယ်ဆိုတဲ့အဓိဋ္ဌာန်ခိုင်ခိုင်မာမာချဖို့အရေးကြီးတယ်
Sunday 31 August 2014
TransZilla Voice Translator Pro version v2.1 Apk Full version New update (All Android)
ဒီကောင်လေးကတော့ Voice Translator  free app လေးပဖြစ်ပါတယ်။ဘာသာစကားပေါင်း 70 ကျော်ကို
translate လုပ်ပေးနိုင်ပါတယ်။translate text အဖြစ်နဲ့လည်းမိမိကြိုက်ရာဘာသာစကားကိုရှာဖွေနိုင်ပါတယ်
တဖက်လူနဲ့စကားပြောရမှာအခက်အခဲမရှိတော့ပါဘူး။ကိုယ်လိုချင်တဲ့ဘာသာစကားကိုပြောင်းထားလိုက်ရုံပါပဲ။
ဒီကောင်လေးကိုတော့ Android:  3.0 နှင့်အထက်ကစပြီးအသုံးပြုနိုင်
Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ ကို ဒီပိုစ့် မှာ အသေခြာ ရှင်းပြထားပါတယ်။
Photo: Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ ကို ဒီပိုစ့် မှာ အသေခြာ ရှင်းပြထားပါတယ်။
ဒီပိုစ်ကို Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်။ အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။ အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လော့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။
အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။
Facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ.........
==============================================
- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။
- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။
- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။
- Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။
- နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။
- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။
- နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။
ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။
- Device ပြောင်းသုံးလွန်းခြင်း
------------------------------
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။
- Poke လုပ်လွန်းခြင်း
-----------------------
မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။
- Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။
- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။
- Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။
- အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။
Credit to:အောင်ခမ်း (TSJ team)
ဒီပိုစ်ကို Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်။ အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။ အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လော့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။
အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။
Facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ.........
ဂီတဝါသနာရှင်များတွက် Ultimate Guitar Tabs & Chords v3.7.0 [Unlocked] APK
ဂီတဝါသနာရှင်များတွက် Ultimate Guitar Tabs & Chords 3.7.0APK နောက်ဆုံးဘား၇ှင်းလေး
လက်ဆောင်ပေးချင်ပါတယ်…..ဒီApk လေးကသီချင်တစ်ပုဒ်ရဲ.Chords တွေကိုအလွယ်တူရှာပေးပါလိမ်မည်။
သီချင်းအပုဒ်ပေါင်း ၆သိန်းကျော်ကို ရှာဖွေနိုင်ပါတယ်-pk File Size 10.87MB ရှိပြီး Android OS Version
1.6 နှင့်​အထက်​ ဖုန်းများမှာ ထည့်သွင်းအသုံးပြုနိုင်ပါပြီအောက်က link မှာဒေါင်းယူလိုက်ပါ။
Xilisoft Video Cutter Portable Full Version Free Download
Video Cutter တွေမတင်ပေးရတာကြာလို့Xilisoft Video Cutter တစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။  Xillisoft ဆိုတာက နာမည်ကြီး Software တစ်ခုဖြစ်ပါတယ်။ အခုလည်း Video တွေကို မိမိလိုချင်တဲ့ ဇတ်ဝင်ခန်းတွေ ကိုသီးသန့် Cutting  လုပ်ပေးနိုင်ဖို့အတွက် Portable Version လေးတင်ပေးထားပါတယ်။ အခုတင်ပေးလိုက် တာကတော့ Professional အသုံးပြုနိုင်မှာတော့မဟုတ်ပါဘူး။ Professional အသုံးမပြုနိုင်ဘူးဆိုပေမယ့် မိမိ ဖြတ်တောက်ချင်တဲ့ Video အခန်းတွေကို တိကျသေချာစွာဖြတ်တောက်နိုင်ပြီး ရုပ်ထွက်ကြည်လင်စွာ ရယူနိုင်မှာဖြစ်ပါတယ်။ Support လုပ်ပေးနိုင်တဲ့ Video Format တွေကလည်းအများကြီးပါ။ VCD, AVI, MPEG, MP4, WMV, 3GP, H.264/MPEG-4 AVC, H.264/PSP AVC, MOV and ASF စတာတွေအပြင် အခြားသော Format ပေါင်းများစွာကို Support လုပ်ပေးနိုင်ပါတယ်ဗျာ။ Window XP , Vista , 7 & Window 8 အားလုံးမှာ အလုပ်လုပ်ပါတယ်ဗျာ။
Maleficient(2014) မြန်မာစာတန်းထိုး
Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်းဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ၀င်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက်ကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိပြီးမသေပဲ၊ နှစ်တစ်၇ာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ နိုးမယ်လို့ ဆုတောင်းပေးခဲ့ပါတယ်။
D-Day (2013) မြန်မာစာတန်းထိုး
IMDb Rating မှာ 7.2 ရရှိထားတဲ့ သည်းထိပ်ရင်ဖို  India သူလျှို ဇာတ်ကားပါ....
ဇာတ်အိမ်ခိုင်ခန့်ပြီး အပီအပြင်သရုပ်ဆောင်ချက်တွေကြောင့်
ဇာတ်ကားအဆုံးထိ တောက်လျှောက်ဆွဲခေါ်သွားမယ့်ဇာတ်ကားပါ...
Saturday 30 August 2014
facebook ရဲ့ account setting အကြောင်း
facebook ရဲ့ account setting အကြောင်းအပိုင်း ( ၁ )  ။ facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။ဒီနေ့ မှာတော့  general setting နှင့်  security အကြောင်းကိုနည်းနည်းလေးရှင်းပြပေးပါမယ်။ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်မိတ် ဆွေ
Sunday 24 August 2014
ဝင်းဒိုးတင်နည်း
ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ 
တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ 
တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format 
ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို 
ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့်ေ
အာက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ 
အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ေ
ကာင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ 
ဒါကိုတော့ နားလည်ပေးကြပါဗျာ..။
ဝင်းဒိုးမတင်ခင် အရင်ဆုံး မိမိတို့ စက်ထဲက Drivers Software တွေကို Backup လုပ်ထားလိုက်ပါ..။ အရင်ပိုစ့်မှာ တင်ပေးထားတဲ့ေ
ဆာ့ဝဲလ်လေးနဲ့ Drivers Backup လုပ်ထားနိုင်ပါတယ်..။ ဝင်းဒိုးအသစ်တင်ရင် Deivers အများစု ပျောက်သွားမှာ မို့လို့ပါ..။ ဝင်းဒိုးတင်ပြီးမှ 
Drivers တွေ Restore ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးတင်နည်းကို လေ့ကျင့်ခန်းလေးတခုအနေနဲ့ လေ့လာထားပြီ.. နောက်တင်တဲ့ပို့စ်မှာ 
Windows7 ခွေမရှိသေးတဲ့သူများအတွက် လေ့ကျင့်နိုင်အောင်လို့ Windows8 Cosumer Preview ခွေကို သူ့ရဲ့ Downloader နဲ့ ဒေါင်းယူပြီး 
ဝင်းဒိုးတင်တတ်အောင် ရေးပေးသွားပါ့မယ်..။ အခုတော့ ဒါလေးကို စလိုက်ကြရအောင်ဗျာ..
Windows ပိုင်းဆိုင်ရာ Error တွေအတွက် အထူးကုသမားတော် Portable ( 11 MB )
သုံးနေပြုနေရင်း ကြာလာတော့ Error တွေ တစ်မျိုးပြီးတစ်မျိုးတက် .. 
ပြင်လို့လွယ်တာလည်းရှိသလို ပြင်ဖို့အတွက် ခက်ခဲတာလည်းရှိပါတယ် .. 
အဲဒီထက်ဆိုးတာက ဘယ်နေရာမှာဖြစ်တဲ့ Error မှန်းမသိပဲ .. Error ရဲ့ ခြေရာလက်ရာကိုပဲ မြင်နေရတဲ့ အဖြစ်မျိုးကလည်းရှိသေးတယ် ..
Service Center တွေကို သွားပြန်တော့လည်း ပြန်ကောင်းလာအောင် ပြင်ပေးပြီး Service ခ သာတောင်းယူထားလိုက်တယ် .. 
User ရှေ့မှာ ပြင်ပြတာမျိုးကလည်း ခပ်ရှားရှားဆိုတော့ အလားတူ Error မျိုးတွေ ထပ်ကြုံလာရင် ဆိုင်ပြန်ပို့ရပြန်ရော ...
ကဲ .. အဲဒါဆိုရင် Error တစ်ခုခုတက်လာရင် အဲဒီ Error ကို ကိုယ်တိုင် မဖြေရှင်းတတ်ရင်တောင် .. Error ဖြစ်နေတာကို 
ရှာဖွေပြီး ပြုပြင်ပေးမယ့် PC Mechanic လေးတစ်ယောက်လောက် ကိုယ့်နားမှာရှိနေရင် မကောင်းပေဘူးလားဗျာ .. 
တစ်ကယ်တော့ .. အဲဒီလို ပုဂ္ဂိုလ်မျိုးကို ကိုယ့်ဘေးနားခေါ်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး .. ( High Boss တွေ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ )
ကဲ .. အဲဒီတော့ .. ကျွန်တော်က သူငယ်ချင်းတို့ကို ... သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာ ၀င်းဒိုးပိုင်းဆိုင်ရာ Error တွေတက်လာရင်
သူ့အလိုလို အဖြေရှာပြီး ပြုပြင်ပေးသွားမယ့် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် .. 
ကွန်ပျူတာသမားအားလုံးအတွက် Virus အမျိုးမျိုးသတ်နည်းအကြောင်း
SVCHOST.EXE သတ်နည်း 
SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့အချိန် မရွေးရောက်နိုင်
ပါတယ်..သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..
1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..
တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ် လုပ်နေတဲ့ File ပါ..ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..Antivirus ကလည်းသူ့ကိုရှာ မတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..
ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..
ဖုန်းနဲ့ ပါတ် ဖြောင့်၍ ဖုန်းခေါ်နည်;
ဖုန်းနဲ့ ပါတ် ဖြောင့်၍ ဖုန်းခေါ်နည်းလေးပါ...။အသုံးလိုတဲ့သူသုံး နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။ personal call, secret call အစရှိတဲ့ ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနဲပါတ်ကို မသိစေချင်ပဲ ဖြောင့်ထားလို့ရပါ တယ်..။
ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....
  • ပထမဦးဆုံး အောက်မှာပေး ထားတဲ့ ဆောဝဲနှစ်ခု ကိုဒေါင်းလိုက်ရအောင်...။
Facebook official last update
 Facebook official version လေးပါ..Photo comment and facebook videos download
အတွက် လည်း အဆင်ပြေပါတယ်.. လိုအပ်သူများ အောက်မှာဒေါင်းယူနိုင်ကြပါပြီ...
အဆင်မပြေတာတွေ ရှိခဲ့ရင် Cbox မှာ ပြောခဲ့နိုင်ပါတယ်....အားလုံးအဆင်ပြေကြပါစေခင်ဗျာ..
Download
I Mobile နဲ့ တစ်ခြာ MTK [MT6575/6577/MT6572/MT6582/6589] သုံးဖုန်းတွေကို IMEI ပြန်ထည့်နည်း
I Mobile နဲ့ တစ်ခြာ MTK သုံး ဖုန်းတွေကို အကြောင်းမျိုးမျိုးကြောင့် IMEI ပျောက်ပြီ ဖုန်းလိုင်အသုံးပြုမရ၍
စိတ်ညစ်နေတဲ့ ဘော်ဒါတွေ အတွက် boxမသုံးဘဲ IMEI ပြန်ရေလို့ရအောင် လို့အပ်တဲ့ဖိုင်းတွေ အောက်မှာဒေါင်းယူလိုက်ပါ
imei&sn writer tools ကိုဒေါင်းရန်
DB ဖိုင်းကိုဒေါင်းရန်
ရလာတဲ့ဖိုင်းတွေ zip ဖြည့်လိုက်ပါ ပြီရင် Tools ဖိုင်းကိုဖွင့်ပြီ အထဲက imei&sn writer ကိုဖွင့်လိုက်ပါ
ဒီလိုလေတက်လာမှာပါ
ပြီရင် မိမိဖုန်းက Sim card 2ခုထည့်ရရင် ဖုန်းရဲ့ ဘထရီးအောက်က ရေထားတဲ့ imei နံပါတ်2ခုလုံ
tools အကွက်ရဲ့ imei နေရာမှာ ဖြည့်ပေးလိုက်ပါ
ပြီရင် မိမိဖုန်းcpu နံပါတ်အလိုက် DB ဖိုင်းဖြည့်ပါ
ပြီရင် start နေရာမှာ နှိပ်ပေးပြီ tools က ညွှန့်ကြာတဲ့အတိုင် ဖုန်းပါဝါပိတ်ချိတ်ဆက်ပြီ ခဏထားပေးလိုက်ပါ tools က သူဟာသူရေသွားပါမယ် ပြီရင်ဖုန်းကို reboot ချပေးလိုက်ပါ ပြန်တက်လာရင် imei ရေလို့ဆင်ပြေပါပြီ
ဖုန်းတစ်လုံးကိုပိုမိုမြန်ဆန်လာစေမယ့် - Memory Booster Full v5.9.9 Apk
Android phone/Tablet  users တွေအတွက် မိမိတို့ဖုန်းရဲ့ Memory & RAM ကို Speed up (သွက်လက်မြန် ဆန်စေဖို့) Boosting tool လေး version အသစ် ထွက်လာပြန်ပါပြီ။ Memory booster လေးဟာဆိုရင်ဖြင့် မိမိတို့ဖုန်းရဲ့ Lost momery တွေကို ပြန်လည်ပြုပြင်ပေးမှာဖြစ်ပြီ One-click လုပ်ရုံနဲ့ မိမိဖုန်းကို မြန်ဆန်စေ မှာဖြစ်ပါတယ် ။ Memory ကို အလိုအလျောက် (auto) boosting  စနစ်က နောက်ခံ မှာ run နေမှာဖြစ်ပြီး အချိန် အပိုင်းအခြားအလိုက် memory ကို auto ပြုပြင်ပေးနေမှာဖြစ်ပါတယ် ။ မိမိဖုန်းရဲ့ memory status ကိုလည်း အချိန်တိုင်း ပြသပေးမှာဖြစ်ပြီး ဖုန်းရဲ့  total/free memory ကို ပြပေးမှာဖြစ်သလို အခုလက်ရှိသုံးနေတဲ့ memory usage ကိုပါ ဖော်ပြပေးထားမှာဖြစ်ပြီး task killer လေးပါ ထည့်ပေးထားပါတယ်။ အခု အသစ်ထွက်ရှိလာတဲ့ ဗားရှင်းမှာ System ရဲ့ အညစ်အကြေးတွေရှင်းလင်းစနစ်၊ Cache cleaning စနစ်တွေ ကိုဖြည့်စွက်ပေးထားပါတယ်။ ဒီဆော့ဝဲလ်လေးကို  Widget မှာလည်း
သီချင်းနားထောင်ဖို့အတွက် အကောင်းဆုံး - jetAudio Plus v4.3.0 Patched APK
Cover art
သီချင်းနားထောင်ရသာဝါသနာပါသူများအတွက် Android Phone မှာ သီချင်တွေကိုနားထောင်နိုင်ဖို့ အတွက် အကောင်းဆုံး Player တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ JetAudio Player လေးတစ်ခု တင်ပေးလိုက်ပါတယ် ဗျာ။ Jet Audio Player ကတော့ PC မှာကတည်းက နာမည်ကြီးပြီးလူသုံးများတဲ့ Player ဖြစ်ပါတယ်။ အခု Android Version မှာထွက်လာတဲ့ Player ကိုလေ့လာကြည့်ရသလောက်တော့ သူ့မှာ Audio အတွက် Feature အများကြီးပါဝင်ပါတယ်။ အသံတွေကို မိမိလိုသလိုချိန်ညှိနိုင်မယ့် Equalizer လည်းပါဝင်ပါတယ်။ အချို့သော သီချင်းတွေမှာအသံတွေတိုးနေလို့ နားထောင်ဖို့အဆင်မပြေ ရင်လည်း အခု JetAudio Player နဲ့ အသံကိုမြှင့် တင်ပြီးနားထောင်မယ်ဆိုရင် အဆင်ပြေပြေ နားထောင်နိုင်မှာဖြစ်ပါတယ်။ Support လုပ်ပေးနိုင်တဲ့ File Type ကတော့ MP3, WAV, OGG, FLAC, M4A, MPC, TTA, WV, APE, MOD စတာတွေအပြင်အခြားသော Audio Format ပေါင်းများစွာကိုလည်း Support လုပ်ပေးနိုင်ပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများ မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
jetAudio Music Player Plus - screenshot thumbnail    jetAudio Music Player Plus - screenshot thumbnail  
jetAudio Music Player Plus - screenshot thumbnail    jetAudio Music Player Plus - screenshot thumbnail 
jetAudio Music Player Plus - screenshot thumbnail     jetAudio Music Player Plus - screenshot thumbnail 
jetAudio Music Player Plus - screenshot thumbnail
jetAudio Music Player Plus - screenshot thumbnail 
                                                                                  download-http://adf.ly/rR9g1
Monday 18 August 2014
Laptop အကြောင်းတွေကို စုံစုံလေး သိစေချင်လို
ဒီပို့စ်ကိုဖတ်ပြီးရင်လဲ အားလုံးအဟုတ်တောင် တော်တော်လေး နားလည် သွားမယ်လို့ ယုံကြည့်ပါတယ်
ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပြီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။
The Expendables (1,2,3) မြန်မာစာတန်းထိုး
မင်္ဂလာပါဗျာ.The Expendables 3 လေးကြည့်
ပြီး အရင် 1,2 ကိုပါ ပြန်ကြည့်ချင်လို့ ရှာကြည့်ရင်း အကြိုက်တူသူများအတွက်ပါ ပြန်လည်မျှဝေပေးလိုက်
ပါတယ်......မြန်မာစာတန်းထိုးလေးမို့
ပိုအဆင်ပြေပါတယ်...ကြည့်ချင်ရင် အောက်မှာ ဒေါင်းနိုင်ပါတယ်.....
Android အတွက်ပါ special recovery 7-data recovery suit
Android ဖုန်းတွေ အတွက်ပါ special  recovery လုပ်ဖို အတွက် 7-Data Recovery Suite မှားဖျက် မိလိုက်တဲ့  Local & External Drive ထဲ က Data တွေကို အထိရောက် ဆုံး recovery ပြန်လည် ရယူ ပေးသည့် အပြင် Partitions ထဲက
Recovery Photo, Image, Video and Audio စတာတွေကို pc မှ အကောင်းဆုံး ပြန်လည် ရယူ နိုင်တဲ့ ဆော့ ဝဲ လေးပါ။ ဖိုင်ဆိုဒ် ( 3MB ) ပဲ ရှိပါတယ်။ အောက်မှာ screen shoot လေး ပါတွဲ တင်ပေးထား ပါတယ် ။ full version ဖြစ် အောင် ဆို ရင် series key လေးပါ ထည့် သွင်း ပေးထားပါတယ် ။အသုံးပြု မယ်ဆို ရင် အောက် မှာဒေါင်းယူ လိုက်ပါ။
Samsung Galaxy Tab 2 (GT-P5100)ကို Root လုပ်နည်း
Samsung Galaxy Tab 2 (GT-P5100)ကို Root လုပ်ဖို့ အတွက် computer မှာ samsung နဲ ပတ်သတ်
တဲ့ driver တို့ ကို အရင်တင်ထားပါ driver မရှိရင် root လုပ်ဖို့  မအောင်မြင်ပါဘူ driver မရှိသေဘူဆိုရင်
ဒီကနေဒေါင်ပြီ computer မှာသွင်းပေးလိုက်ပါ
Samsung Galaxy phone/tablet တွေကို လွယ်လွယ်ကူကူRoot လုပ်နည်း
Samsung Galaxy phone/tablet တွေကို လွယ်လွယ်ကူကူRoot လုပ်နိုင်တဲ့ Root Apk  လေးတစ်ခုနဲမိတ်ဆက်ပေးပါမယ် တောတောများများ ဒီ apk လေးကိုသိကြမှာပါ
အခုမှ samsung galaxy phone/tablet တွေ စသုံးတဲ့ ဘော်ဒါတွေ Root ဖောက်ဖို့ တိုင်ပတ်နေတဲ့ဘော်ဒါတွေအတွက် computer မလိုဘဲ အလွယ်တစ်ကူ root ဖောက်လို့ ရပါတယ် ကျွန်တော် samsung tablet/phone တောတောများများစမ်ပြီသွားပါပြီ အာလုံးအဆ်ပြေပါတယ် အရင်ဆုံး root မလုပ်ခင်မိမိဖုန်းကို အင်တာနတ်ချိတ်ပေးထားရပါမယ်
AIS 3G/2100 SimCard မှာ အင်တာနက်ချိန်ညှိခြင်း
သိပြီးသား သူငယ်ချင်းများ ကျော်ဖတ်ပေးပါ ခင်ဗျာ
...
ထိုင်းမှာ ရှိတဲ့သူငယ်ချင်းများ အတွက် AIS 3G/2100 အတွက် အင်တာနက် ချိန်ညှိပုံလေးပါ
AIS သုံးပြီး အင်တာနက်ကြည့်တဲ့ သူငယ်ချင်းများ (E) ပဲပေါ်နေရင်တော့ ဒီအတိုင်းလေး စမ်းကြည့်ပါ။
ကျနော် စမ်းကြည့်တာ (E) ကနေ (H) ပေါ်ပြီး တော်တော်လဲ အဆင်ပြေလို့ ပြန်လည်မျှဝေလိုက်ပါတယ်။
ဒီမှာ တစ်ခု ရှိတာကတော့ မိမိ သုံးနေသော AIS ရဲ့ Promotion နှင့်လဲ ပတ်သက်မှုတော့ ရှိနိုင်ပါတယ်။
E ပေါ်လို့ လိုင်းမကောင်းသူများ စမ်းကြည့်လို့ ရအောင်လို့ ပြန်လည် Share လိုက်ခြင်းသာဖြစ်ပါတယ်။
ကျနော်မှာ တော့ အခုဆိုရင် (H) ပေါ်ပြီး 3G ကို သုံးနိုင်တာကြောင့် ပါ။ Youtube ဗီဒီယိုကို မထစ်ပဲ
အဆင်ပြေ ချောမွေ့စွာ ကြည့်လို့ ရပါတယ်။ စမ်းကြည့်ချင်တယ် ဆိုရင်တော့ အောက်က အတိုင်းလေး
လုပ်ကြည့်လိုက်ပါ။
Thai dtac simcard တွေ internet ချိတ်ဆက်ပြီ အင်တာနတ်လိုင် ၀င်မရသေတဲ့ သူငယ်ချင်းတွေအတွက် APNs setting ပြန်ထည့်နည်း
Thai dtac simcard တွေ internet ချိတ်ဆက်ပြီ အင်တာနတ်လိုင် ၀င်မရသေတဲ့ သူငယ်ချင်းတွေအတွက် APNs setting ပြန်ထည့်နည်း
အခုနောက်ပိုင် DTAC simcard တွေကို အရင်လို တစ်ခါထဲ internet apns setting မထည့်ထားပေးခဲ့တောပါ သူက internet simcard ဆိုပြီ သီသန့် ထုတ်ရောင်းတဲ့ simcard တွေမှာဘဲ ထည့်ထားပေးတော့တာပါ ကယ်APNs setting ကိုပြန့် ထည့်ခြင်တဲ့ ဘော်ဒါတွေ အောက်ပါအတိုင်လိုက်လုပ်သွားပါ
Monday 11 August 2014
မိမိ application (ဘရောက်စာ) အသုံးပြုနေစဉ်အတွင်း ကြော်ငြာ (Pop-up Ads) စာမျက်နှာပွင့်လာခြင်း
အင်တာနက်အသုံးပြုတဲ့ပုဂ္ဂိုလ်တိုင်းတွေ့ကြုံရတတ်တဲ့ပြဿနာတစ်ခုကတော့ မိမိအသုံးပြုနေတဲ့ဘရောက်စ်တွင် မလိုအပ်
သော ကြော်ငြာ (Advertising Page) စာမျက်နှာအလိုလျှောက်ပွင့်လာခြင်းဖြစ်ပါတယ်။ အဲဒါက Pop-up Ads လို့လဲခေါ်
ပါတယ်။ ဒီ Pop-up Ads စာမျက်နှာတွေပွင့်လာသောအားဖြင့် အကျိုးသက်ရောက်မှုတွေကတော့ အင်တာနက်ပေါ်မှ
Malaware, Adware လို့ခေါ်တဲ့ ဗိုင်းရပ်စ်တွေဟာ မိမိစက်ကိုလာရောက်နှောင့်ယှက်နိုင်တဲ့ပြဿနာလို့သဘောပေါက်ရမှာ
ဖြစ်ပါတယ်။
နောက်ပြီးမိမိစက်ကလေးလံနေခြင်း၊ ဘရောက်စာများခဏခဏဂျန်းဖြစ်နေခြင်းစသည်တို့လည်း ကြုံရမှာဖြစ်ပါတယ်။
အထက်ပါဗိုင်းရပ်စ်ရဲ့လက္ခဏာများမှာ...
၁။ မလိုအပ်ဘဲ မိမိကွန်ပျူတာတွင် အလိုအလျှောက် ၀င်ရောက်လာခြင်း
၂။ တစ်ခုထက်ပိုသော application များ အလိုအလျှောက်ထည့်သွင်းခြင်း
၃။ မိမိ application (ဘရောက်စာ) အသုံးပြုနေစဉ်အတွင်း ကြော်ငြာ (Pop-up Ads) စာမျက်နှာပွင့်လာခြင်း
၎။ တစ်ခုထက်ပိုသော Pop-up Ads ကြော်ငြာစာမျက်နှာများ ပွင့်လာခြင်း
၅။ အင်တာနက်အသုံးပြုနေစဉ်အတွင်း မလိုအပ်ဘဲ ဒေတာများဒေါင်းလုဒ်စေခြင်းနှင့် အခြား အသုံးသူများထံပို့ပေးခြင်း
၆။ ထိုပရိုဂရမ်၊ ဒေတာများကို Uninstall လုပ်ရန်ခက်ခဲခြင်း တို့ဖြစ်ပါတယ်။