Wednesday 19 November 2014

ကမ္ဘာ့ အသေးဆုံး မျောက် (မျောက်လက်ညိုး)


ပုံမှာ မြင်တွေ့ ရတာကတော့ ကမ္ဘာ့ အသေးဆုံး မျောက်လို့ သတ်မှတ်ထားတဲ့ Finger monkey ဖြစ်ပါတယ်။
အမှန်တော့ သူ့ရဲနာမည်ရင်းက Pygmy marmoset ဖြစ်ပြီး အိတ်ကပ်ထဲ ထည့်သိမ်းရလောက်အောင် သေးတဲ့ အတွက် Pocket monkey, ခြသေ့ပိစိ၊ မျောက်လက်ညိုး အစရှိသဖြင့် စုံလင်စွာ နာမည်ပေးထားပါတယ်။
တောင်အမေရိကတောမှာ နေထိုင်ကျက်စားပြီး ဘရာဇီး၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ဘိုလီဗီးယား အစရှိတဲ့ နိုင်ငံများမှာ အတွေ့များပါတယ်။ အရွယ်အစားအားဖြင့်ကလည်း ၅.၅ လက်မ ကနေ ၆.၃ လက်မ ဝန်းကျင် အထိပဲ ရှည်ပါတယ်။ အလေးချိန်ကတော့ ၁၂၀ ဂရမ် ရှိပါတယ်။
ယနေ့ချိန်မှာဆိုရင် မျောက်လက်ညိုးကို အမေရိကန်အပြင် ကမ္ဘာတစ်လွားက ဈေးကြီးပေးလို့ အလှမွေးလျက် ရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment