Wednesday 19 November 2014

ခရမ်းချဉ်သီးက နှလုံးဖောက်ပြန်မှုဖြစ်နိုင်ခြေ လျော့နည်းစေနိုင်


ခရမ်းချဉ်သီး အခွံတွင်ပါရှိသည့် ဓာတ်ပစ္စည်းများကို ထည့်သွင်းထားသည့် Ateronon ဆေးတောင့်သည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများအတွင်း သွေးခဲမှုကို တားဆီးရာတွင်များစွာ အထောက်အကူ ဖြစ်စေနိုင် ကြောင်းသိရှိရသည်။ ခရမ်းချဉ်သီးတွင် ပါဝင်သော ဓာတုသတ္တိများက နှလုံးဖောက်ပြန်မှု ဝေဒနာ ခံစားရနိုင်ခြေ ကို လျော့နည်းစေကြောင်း သုတေသီများက ထောက်ခံပြောဆိုလိုက်သည်။
ခရမ်းချဉ်သီးအခွံတွင် ပါရှိသည့် ဓာတုပစ္စည်းများကို ထည့်သွင်းထားသည့် Ateronon ဆေးတောင့်သည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများအတွင်း သွေးခဲမှုကို တားဆီးရာတွင် များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း သိရှိရသည်။ နောက်ထပ် အသစ်တွေ့ရှိ မှုများအရလည်း သွေးကြောများ၏ အလုပ်လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးသလို သွေးစီးဆင်းမှုကို မြန်ဆန် အောင် Aterononက ကူညီပေးကြောင်း ဖော်ထုတ်လာနိုင်သည်။ ယင်းသည် ခရမ်းချဉ်သီးနှင့်
အထင်ကရ ကျန်းမာရေး အထောက်အကူပြုမှု ညွှန်ကိန်းတစ်ရပ်ကို ပထမဆုံးအကြိမ် ခိုင်ခိုင်မာမာ ဆက်စပ် တွေ့ရှိလာခြင်း ဖြစ်သည်။သုတေသီများက အဆိုပါ ဆေးတောင့်လေးများသည် ကမ္ဘာပေါ်တွင် လူပေါင်းများစွာကို နှလုံးဝေဒနာ ဖြင့် သေဆုံးရခြင်းမှ တားဆီးပေးနိုင်မည်ဟု မျှော်လင့်နေသည်။ နေ့စဉ်နေ့တိုင်း ခရမ်းသီး(၆)ပေါင်မျှ စားသောက် ခြင်းကို မည်သူမျှဆန္ဒရှိမည် မဟုတ်သော်လည်း အဆိုပါ ဆေးတောင့်လေးများကိုမူ လွယ်ကူစွာ မြိုချရန် ဝန်လေး မည်မဟုတ်ဟု ပညာရှင်များက ပြောကြားခဲ့သည်။ ထိုဆေးတောင့်လေးများတွင် ခရမ်းချဉ်သီး အခွံ၌ အဓိက တွေ့ရသည့် Lycopeneခေါ် ဓာတ်ပစ္စည်းတစ်မျိုးကြွယ်ဝစွာ ပါဝင်နေပြီး ယင်းသည် သွေးကြောများအတွင်း အဆီစုခြင်းကို ချေဖျက်တားဆီးပေးသည့် ဂုဏ်သတ္တိရှိနေကြောင်း သိရသည်။ကင်းဘရစ်ဂ်ျ တက္ကသိုလ်မှ ပညာရှင်များက ယခုလေ့လာမှုအရ ယင်းဆေးတောင့်လေးများသည် ခန္ဓာကိုယ်အတွင်း သွေးလည်ပတ် စီးဆင်းမှုကို လျင်မြန်ချောမွေ့စေပြီး နှလုံး၏ အခြေအနေကို ကောင်းမွန်စေကြောင်း ရှင်းပြခဲ့သည်။ လေဖြတ်ခြင်း နှင့် နှလုံးဖောက်ပြန်ခြင်းကြောင့် ဗြိတိန်တွင် တစ်နှစ်လျှင် လူပေါင်း (၁၈၀၀၀၀)မျှ သေဆုံးလေ့ ရှိနေသော်လည်း ယင်းဆေးတောင့်လေးများကို အသုံးတွင်ကျယ်လာပါက သေဆုံးသူ ပမာဏကို တစ်နှစ်လျှင် (၄၉၀၀၀)အောက်ထိ လျှော့ချနိုင်ရန်လည်း သုတေသီများက မျှော်လင့်လျှက်ရှိသည်။
Source: DailyMail
Featured News:

0 comments:

Post a Comment