Wednesday 19 November 2014

ဆင်၊ ကြံ့၊ မျောက်နှင့် သဏ္ဌာန်တူ ဝက်ကလေးသုံးကောင် မွေးဖွားခဲ့သည့် ဇေယျာသီရိမှ ဝက်မကြီး



နေပြည်တော်    မေ    ၁၄
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာ တွင် ဝက်မကြီးတစ်ကောင်မှ ဝက်သား ပေါက်  ခြောက်ကောင်မွေးဖွားရာ ဆင်တစ်ကောင်၊  ကြံ့တစ်ကောင်နှင့်   မျောက်မျက်နှာနှင့် ဝက်ခန္ဓာကိုယ် တစ် ကောင်မွေးဖွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော် ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု မရင်းကြီးကျေးရွာနေ ကိုသန်းနိုင်-မဇင်မာဦးတို့မွေးမြူထားသော ဇီးလေးလပြည့်ဝက်မကြီးက မေ ၁၄ ရက်နံနက် ၉နာရီတွင် သားပေါက် ကလေြးေ ခာက်ကောင် မွေးဖွားရာတွင် ပထမအကြိမ်  ဝက်ထီးတစ်ကောင်၊ ထို့နောက် ကြံ့အထီးတစ်ကောင်၊ ဆင် အထီးတစ်ကောင်၊ မျောက်မျက်နှာနှင့် ဝက်ခန္ဓာကိုယ်အထီးတစ်ကောင်နှင့်   ဝက်မငယ်နှစ်ကောင် မွေးဖွား ခဲ့ကြောင်း၊ ယခုမွေး ဖွားသော သားပေါက်ကလေးများမှာ  အလျားရှစ်လက်မခန့်ရှိပြီး ဆင်ပေါက်ကလေးမှာ နှာမောင်းတစ်ခု၊ ဆင်မျက်လုံးနှင့်တူသော မျက်လုံးနှစ်လုံးပါရှိပြီး ကြံ့ပေါက်လေးမှာမျက်နှာအလယ်တည့်တည့် မှာ  မျက်လုံးကြီးတစ်လုံး၊   မျက်လုံး အထက်တွင်   ဦးချိုနုတစ်ခု ပါရှိကြောင်း သိရသည်။

''နံနက် ၉ နာရီမှာ စမွေးတယ်။ ပထမအကြိမ်   ဝက်ထီးတစ်ကောင် မွေးပြီး ကြံ့အထီးတစ်ကောင် ထပ်မွေး တယ်။ ဆင်တစ်ကောင်၊ အဲဒီနောက် မှာ မျောက်မျက်နှာ ဝက်ခန္ဓာကိုယ်နဲ့ တစ်ကောင် မွေးဖွားတယ်။ ပြီးတော့မှ ဝက်မငယ် နှစ်ကောင် မွေးဖွားတယ်။ မွေးဖွားပြီး သုံးနာရီအကြာမှာ  ကြံ့နဲ့ ဆင်ဟာသေဆုံးသွားတယ်။ ကျွန်မတို့ က ဆရာဝန်ကို ခေါ်ထားပါတယ်။ ဆရာဝန် ညွှန်ကြားသလို ဆောင်ရွက် သွားမှာပါ''ဟု မဇင်မာဦးက ရှင်းပြ သည်။
ဝက်မကြီးမှာ သားပေါက်ခြောက်ကောင်မွေးဖွားရာတွင် ဝက်မငယ် နှစ်ကောင်နှင့် ဝက်ထီးတစ်ကောင်၊ မျောက် မျက်နှာနှင့် ဝက်ခန္ဓာကိုယ်တစ်ကောင်   အသက်ရှင်လျက်ရှိပြီး ယခုအခါ ပတ်ဝန်းကျင်ကျေးရွာများမှ လူအများ ဝက်မကြီး ၏ ထူးဆန်းစွာမွေးဖွားသော သားပေါက်ကလေးများအား လာရောက်ကြည့်ရှု၍ စည်ကား လျက်ရှိ ကြောင်း သိရသည်။
ခင်သူဇာလှိုင်(MP)

0 comments:

Post a Comment