Friday 5 September 2014

တစ်​ညတာအတွက်​အ​ကောင်းဆုံးအိပ်​ချိ​န်



သာမန် အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ တစ်ရက်မှာ အိပ်ချက် အနည်းဆုံး ၇ နာရီ ရှိရင် လုံလောက်တယ်လို့ ဆိုထားပေမယ့် သူ့အချိန်နဲ့ သူအိပ်တတ် ဖို့လည်း လိုပါသေးတယ်။

ဥပမာ ည ၁ နာရီမှ အိပ်ပြီး မနက် ၈ နာရီနောက်ပိုင်း ထတဲ့ အလေ့အထက အမှန်တော့ မကောင်းပါဘူး။ ခပ်စောစာအိပ်ပြီး မနက် သုံး၊လေး နာရီ ထတာကိုလည်း ဆေးပညာရှင်တို့ သိပ်အားမပေးပါဘူး။

စစ်တမ်းနဲ့ လေ့လာချက်များအရ လူတစ်ယောက်ရဲ့ အကောင်းဆုံး အိပ်ချိန်က ည ၁၀ နာရီ ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းအချိန်မှာ အိပ်ယာဝတ် ခပ်ပေါ့ပေါ့ပါးပါး အဝတ်အစား (ညအိပ်အဝတ်အစား) ဝတ်ဆင်လို့ အိပ်ရင် Perfect night sleep time (ပြီးပြည့် စုံသော တစ်ညတာ အိပ်စက်ချိန်) ရရှိတယ်လို့ စစ်တမ်းအရ လေ့လာ တွေ့ရှိ ထားကြ ကြောင်း သိရပါတယ်။

0 comments:

Post a Comment