Monday 8 September 2014

ခန္ဓာကိုယ်​မှအဆိပ်​အ​တောက်​​တွေဖယ်​ရှားကြစို့



ကမ္ဘာကြီး​ပေါ်မှာ ​လေထုညစ်​ညမ်းမှု၊​ရေထု
ညစ်​ညမ်းမှုအစရှိတဲ့ ညစ်​ညမ်းမှု​တွေပိုပြီး
များလာတဲ့အတွက်​ လူ့ခန္ဓာကိုယ်​ကိုလည်း
အနည်းနဲ့အများထိခိုက်​မှုရှိ​စေကာအဆိပ်
အ​တောက်​​တွေဖြစ်​​ပေါ်လာပြီး ကျန်းမာ​ရေး
ကိုထိခိုက်​​လာ​စေနိုင်​ပါတယ်​။ဒါ​ကြောင့်
အဆိုပါအဆိပ်​အ​တောက်​​တွေ ခန္ဓာကိုယ်​မှ
ကင်းစင်​ရှင်းလင်းသွား​အောင်တတ်​နိုင်​သမျှ
ဖယ်​ရှား​ပေးဖို့လိုပါတယ်​။ဆေးဝါး၊စက်ကိရိ
ယာအကူအညီမယူဘဲ အ​ပြောင်းအလဲ​လေး
အနည်းငယ်​မျှလုပ်​​ပေးရုံနဲ့ ကျန်းမာတဲ့ခန္ဓာ
ကို​ယ်​ကိုပိုင်​ဆိုင်​နိုင်​မှာပါ။

1.အရက်​​လျှော့​သောက်​ပါ
အရက်​ဟာကြီးမားတဲ့ အဆိပ်​ရန်​သူ
တစ်​ပါးပါ။တတ်​နိုင်​သမျှ​ ​လျှော့​သောက်​ပါ။
လူမှု​ရေးအရ​သောက်​ရမယ်​ဆိုရင်​လည်း
ရေနဲ့များများ​ရောပြီး​သောက်​ပါ။

2.​ဆေးလိပ်​ဖြတ်​ပါ
ဆေးလိပ်​​သောက်​တတ်​ပါက​ ​ဆေးလိပ်
ဖြတ်​နိုင်​​အောင်​ကြိုးပမ်းပါ။ဆေးလိပ်​​ကြောင့်
ကျန်းမာ​ရေးများစွာထိခိုက်​လာ​စေနိုင်​ပါတယ်​။
ဆေးလိပ်​​မ​သောက်​တတ်​ပါက ​ဆေးလိပ်
သောက်​သူ​တွေနဲ့ အနီးအနားမှာကြာကြာ
မ​နေပါနဲ့။

3. လက်​ဖက်​ရည်​​၊​ကော်​ဖီဖြတ်​ပါ
ကဖင်းစွဲလမ်းခြင်း​ကြောင့်​ဖြစ်​​ပေါ်
လာတဲ့​ခေါင်းကိုက်​ခြင်းနဲ့တခြားပြဿနာ
တွေကို​ရှောင်​ရှားဖို့အတွက်​ လက်​ဖက်​ရည်​၊
ကော်​ဖီကိုဖြည်းဖြည်းချင်းဖြတ်​ပါ။အရင်​ဆုံး
တ​နေ့တခွက်​​လောက်​သာ​သောက်​ပါ။ကဖင်း
ဓာတ်​မပါတဲ့ အရည်​​တွေကိုအစားထိုး​သောက်
ပါ။

4.​ရေ​သောက်​ပါ
တ​နေ့ကို​ရေများစွာ​သောက်​တဲ့
အကျင့်​လုပ်​ပါ။ခန္ဓာကိုယ်​စနစ်​​တွေကိုသန့်​စင်
ပေးကာ အဆိပ်​အ​တောက်​​တွေကိုဖယ်​ရှား
ပေးပါတယ်​။ဒါ့အပြင်​ ကိုယ်​အ​လေးချိန်​​လျှော့
ချလိုသူဖြစ်​ပါကလည်း​ရေများစွာ​သောက်​ခြင်း
ကဗိုက်​မဆာ​အောင်​ထိန်းထား​ပေးနိုင်​ပါတယ။်

5.အစားအစာသတိထားပါ
အလွန်​အမင်းပြုပြင်​ထားတဲ့အစာ
တွေနဲ့ သ​ရေစာ​တွေမှာ အဆိပ်​အ​တောက်
ဖြစ်​​စေနိုင်​တဲ့အရာ​တွေများစွာပါရှိပါတယ်​။
လတ်​ဆတ်​တဲ့ ဟင်းသီးဟင်းရွက်​၊သစ်​သီးဝလံ
များစွာစား​ပေးပါ။အဆီအအိမ့်​၊ဆားနဲ့ သကြား
လျှော့စားပါ။

6.သစ်​သီး​ဖျော်​ရည်​​သောက်​ပါ
ပန်းသီး​ဖျော်​ရည်​၊မုန်​လာဥ​ဖျော်​ရည်
သံပုရာသီး​ဖျော်​ရည်​စသဖြင့်​ သန့်​ရှင်းလတ်
ဆတ်​ပြီး စိတ်​ကြည်​လင်​​လန်းဆန်း​စေကာ
အာဟာရပြည့်​ဝတဲ့ ဟင်းသီးဟင်းရွက်​နဲ့
သစ်​သီးဝလံ​ဖျော်​ရည်​​စစ်​စစ်​​​တွေကို မနက်​ခင်း
နဲ့​နေ့လယ်​ပိုင်းအဆာ​ပြေ​သောက်​​ပေးနိုင်ပါ
တယ်​။ဒီသစ်​သီးဝလံ​ဖျော်​ရည်​​တွေကခန္ဓာ
ကိုယ်​ကိုသန့်​စင်​​ပေးနိုင်​တဲ့အစွမ်းရှိပါတယ်​။

7.ကိုယ်​ကာယ​လေ့ကျင့်​ပါ
ရွရွ​ပြေးခြင်း၊စက်​ဘီးစီခြင်း၊​ရေကူး
ခြင်း၊လမ်း​လျှောက်​ခြင်း၊ကခုန်​ခြင်းစသဖြင့်
လှုပ်​လှုပ်​ရှားရှားပြုလုပ်​​နေတဲ့​လေ့ကျင်​ခန်း
တွေဟာ သားနံရည်​စီးဆင်းမှုကို​ကောင်းမွန်
စေပါတယ်​။တ​နေ့တာမှာတတ်​နိုင်​သမျှ
လှုပ်​လှုပ်​ရှားရှား​နေ​ပေးပါ။ဓာတ်​​လှေကား
အစား ​လှေကားအသုံးပြုပါ။ဟိုနားဒီနားသွား
ရင်​ကားမစီးဘဲလမ်း​လျှောက်​ခြင်း၊အိမ်​အလုပ်
ကူလုပ်ခြင်းစသဖြင့်​​ပေါ့။တ​နေ့မှာ မိနစ်​၂၀မျှ
ကိုယ်​လက်​လှုပ်​ရှား​လေ့ကျင့်​ခြင်းဖြင့်​ခန္ဓာ
ကိုယ်​ကို အဆိပ်​အ​တောက်​ရန်​မှကင်း
ဝေး​စေနိုင်​ပါတယ်​။

8.အသက်​ရှူ​လေ့ကျင့်​ခန်းလုပ်​ပါ
အသက်​ကိုပြင်းပြင်းနဲ့ဖြည်းဖြည်း
ရှူသွင်း၊ရှူထုတ်​ပြုလုပ်​ပါ။တ​နေ့ကို၁၀မိနစ်
လောက်​အချိန်​​ပေးကာ အသက်​ကိုခပ်
ဖြည်းဖြည်းနဲ့ပြင်းပြင်း စည်းချက်​ညီညီရှူသွင်း
ရှူထုတ်​ပြုလုပ်​ခြင်းဖြင့်​ ခန္ဓာကိုယ်​ရှိဆဲလ်
တိုင်း​အောက်​ဆီဂျင်​များစွာပိုမိုရရှိလာနိုင်​မှာ
ပါ။
သက်​​တောင့်​သက်​သာထိုင်​ကာ
စိတ်​ထဲမှ တစ်​က​နေ ​လေးအထိ
အမှတ်​စဉ်​​ရေတွက်​​နေစဉ်​အသက်​ရှူသွင်း
ပါ။နောက်​ထပ်​အမှတ်​​စဉ်​​လေးအထိ အသက်​အောင့်​ထားကာ​အသက်​ရှူ
ထုတ်​စဉ်​မှာလည်း အမှတ်​စဉ်​​လေးအထိ
ထပ်​မံ​ရေတွက်​ပါ။လုပ်​ရတာအဆင်​​ပြေ
ပြီးသက်​​တောင့်​သက်​သာရှိလာပါက အမှတ်
စဉ်​​ခြောက်​အထိ ​ရေတွက်​ကြည့်​ပါ။နောက်
ပိုင်းမှာအမှတ်​စဉ်​ရှစ်​အထိ ​ရေတွက်​ကာ
ရှူသွင်း အသက်​​အောင့်​ ရှူထုတ်
တစ်​မျိုးစီလုပ်​လာနိုင်​မှာပါ။

0 comments:

Post a Comment