Tuesday 23 June 2015

Windows 8 - Empty Explorer.EXE Window Opens on Boot


Windows 8 မှာ တခါတလေ virus scan လုပ်ပြီးသွားတဲ့ အခါ မတော်တဆ explorer.exe သေသွားတက်ပါတယ် အဲ့ဒါမျိုးကို window 7 မှာလဲ တွေ့ဖူးကြမှာပါ။

အဲ့လို problem ကြုံတဲ့အခါမှာ ကျွန်တော် တို့က taskmanager ကိုခေါ်ပြီး new task(s) မှာ explorer.exe
ကိုရိုက်ပြီး ပြန်ဝင်လို့လဲ ရပါတယ်။

ဒါပေမဲ့ ကွန်ပျူတာ boot တက်ပြီးတိုင်း အဲ့လိုလုပ်နေရတော့ ဘယ်အဆင်ပြေပါ့မလဲ ဟုတ်တယ်မလားး။
ကျွန်တော်ကိုယ်တိုင်လဲ တိုင်ပါတ်ဖူးတယ် ဟီးး

ခုဟာကျတော့ တမျိုးဗျ black screen လဲ ဖြစ်တယ် တခါတခါ ဒီလို message တွေလဲ ပေါ်နေတယ်။



ကဲ အခု ဘယ်လို လုပ်ရမယ်ဆိုတာ အရင်မပြောခင်မှာ ကျွန်တော်က registry မှာ ၀င် ကလိမှာဆိုတော့
registry ကို အရင် backup လုပ်ထားသင့်ပါတယ်။ ဒါမှလဲ တခုခုလွဲချော်ခဲ့ သည်ရှိသော် reatore ပြန်လုပ်လို့ရအောင်ပေါ့။

registry ကို မကလိခင် ကျွန်တော်က CMD (command prompt) ထဲကိုအရင်ဝင်ပါမယ် cmd ကို run as administrator နဲ့ဖွင့်ပါ.. ဒါအရေးကြီးးပါတယ် admin နဲ့ အဖွင့်ခဲ့ရင်တော့
တချို့ command တွေအသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ ပြီးရင် ဒီ command ကို ရိုက်ကြည့်ပါ
 sfc /scannow
ပြီးရင်တော့ registry မှာ ၀င်ကလိကြတာပေါ့။

1. အရင်ဆုံး Windows Key+R ကိုတွဲနှိပ် > RUN ဘောက်ထဲမှာ regedit လို့ ရိုက် > registry editor ပွင့်လာလိမ့်မယ်

2. ကျွန်တော်တို့သွားရမယ့် Navigate လမ်းကြောင်းက HKEY_CURRENT_USER\Software\Microsoft\Windows NT\CurrentVersion\Windows တဆင့်ချင်းဝင်သွားလိုက်ပါ။



3. Windows ရဲ့ string named ထဲမှာ 'Load' ကိုတွေ့ရင် right click နှိပ် delete လုပ်လိုက်ပါ။
ပြီးရင် တော့ reboot ပေးလိုက်ပါ။
အဆင်ပြေပါစေ။

0 comments:

Post a Comment