Tuesday 23 June 2015

မလိုအပ်တဲ့ Temp File ကို ဖျက်ရန်


.Bat File လေးရေးပြီး မလိုလားအပ်တဲ့ Temp File တွေကို Auto ဖျက်ခိုင်းရအောင်

ရေးတဲ့ပုံစံလေးက ရှင်းရှင်းလေးပါ။ အရင်ဦးဆုံး start>>run, ပြီးရင် run box ထဲမှာ notepad လို့ ရိုက်၊ Enter ခေါက်။ Notepad ကျလာရင် အောက်မှာဖော်ပြ ထားတဲ့ အတိုင်းရေး

rd %temp% /s/q
md %temp%

ရေးလို့ ရိုက်ပြီးရင် save လုပ်၊ သိမ်းတဲ့အခါမှာ extension က .bat ဖြစ်ရမယ်။  ဖြစ်ပြီဆိုမှ save လုပ်၊ ပြီးရင်ရလာတဲ့  .bat file ကို Windows XP, Vista, 7, 8 ရဲ့ C:\Documents and Settings\မိမိ၏ login username\Start Menu\ Programs\Startup အောက်မှာ paste သွားလုပ်၊ ပြီးရင် Restart ချ။  ပြန်တက်လာရင် start>>run ကိုသွား၊ run box ထဲမှာ %temp% လို့ ရိုက်၊ Enter ခေါက်ကြည့် လိုက် ဟော... Temp File တွေ auto ရှင်းပြီးသားဖြစ်နေရော...

0 comments:

Post a Comment