Tuesday 23 June 2015

EXPLORER.EXE(watermask) kill


--------------------------------
Windows ကြီးကို ဖွင့်လိုက်တယ် ပုံမှန်အတိုင်းတက်လာတယ် Login လုပ်ရမယ့်နေရာမှာ USername and password ဖြည့်တယ် ကဲပြသနာက အဲလိုဖြည့်ပြီးတာနဲ့  Desktop ကြီးမပေါ်လာပဲ အမည်းရောင်စကရင်ကတာ ကြီးစိုးနေတယ်.. ဘာဆိုဘာမှကိုမပေါ်တာ..

ကဲ အလွယ်တကူဖြေရှင်းနည်းကတော့ ကီးဘုတ်ကနေ Ctrl+Shift+Esc ဒီကီး၃ခုကိုနှိပ်ပြီး Application အောက်က New Task ကိုနှိပ်ပြီးexplorer.exe လို့ ရိုက်ပြီးEnter နှိပ်လိုက်တာနဲ့ Desktop ကြီးက ဟချောင်းလောင်းဆိုပြီးပေါ်လာတယ် ပျော်ပြီးထမခုန်နေနဲ့  အဲဒါခနပဲနောက်ပိုင်းwindows တက်တိုင်း ဒီပြသနာကအမြဲဖြစ်နေမှာ အမြဲတမ်းလဲ အပေါ်ကလိုဖြေရှင်းနေရမယ် သာမန်user က အဲလိုဖြေရှင်းနည်းမသိတော့ Technician အမြဲခေါ်လုပ်ခိုင်းရတယ် technician ကလဲ ဖြေရှင်းနည်းကိုပြောပြလိုက်ပြီး user ကိုပဲလုပ်ခိုင်းမယ်ဆိုရင်လဲ ဘယ်သူမဆိုဒီလိုကြီးလုပ်နေရတာ ဘယ်လိုချင်ပါ့မတုန်း.... ဘာဆော့ဝဲလ်များရှိလဲမသိ ရှာပြီးဖြေရှင်းကြည့်မယ်..
မစဉ်းစားလေနဲ့  နည်းပညာလောကမှာသိတဲ့အတိုင်းပဲ ပညာ လွန်ကျူးသူက Virus ကိုဖန်တီးလေတယ် လူတချို့ ကတော့ Virus နှိမ်နင်းနဲ့  ဆော့ဝဲလ်ထွင်ပြီး စီးပွားဖြစ်တယ် ...အဲဒီလူတချို့ ကပဲ စီးပွားဖြစ်...virus ကိုပြန်ဖန်တီးပြီး Solution ထုတ်ပြီး ငါ့ Antivirus ရောင်းတန်းဝင်ရန်အလို့ငှာ လုပ်ကြပြန်တယ်.....

ကဲ ကြားက user တွေအိတ်ကပ်ထဲက မန်းနီးမန်းနီးတွေ jumping jumping ဖြစ်ကုန်တာပေါ့ အပေါ်က လူ၂မျိုးထက်ပိုကြောက်ဖို့ကောင်းတာက Freewareတွေ crack တွေ ..utility software သမားတွေက ပိုကြောက်ဖို့ ကောင်းတယ် totally free ဆိုပြီးပေးscan လေးလုပ်တကယ်ရှင်းမှ registered လုပ်ခိုင်းပြီး ပိုက်ဆံတောင်းတာမျိုး တကယ်ကောင်းရင်မျိုးမကောင်းပဲ ပိုက်ဆဲတွေချည်းသမသွားတဲ့လူကများသား...နောက်တမျိုးက တကယ်ကောင်းပါရဲ့  သူ့ ဆော့ဝဲလေး Run ပြီးချိန်မှာ ကိုယ်မသိလိုက်တဲ့ Background process တချို့ ပါဖွင့်ပြီး သူတို့ ကို remote ဆက်သွယ်လို့ရမယ့် port number တခုခုကိုသုံးပြီးကိုယ့်ကွန်ပျူတာထဲက Bank account လိုမျိုး username and password လိုမျိုး information တွေကို ယူငင်သွားကြတယ်...အဲလိုလူမျိုးကမှ ကတယ့်သူတော်ကောင်းမျက်နှာဖုံးနဲ့ နောက်ကြော ဓားထိုးတာ သုံးစွဲသူတွေအနေနဲ့ တကယ်သတိထားသင့်ပါတယ်...

ကဲပြန်ဆက်မယ် ဘာဆော့ဝဲလ်မှ မလိုဘူး...Manually ဖြေရှင်းလို့ ရတယ် windows system တခုလုံးမှာ မသလို သုံးမိတာပဲရှိမယ် ဘာဖြစ်ဖြစ် ဆော့ဝဲမလိုပဲရှင်းလို့ ရတဲ့ကိစ္စကြီးပဲ သေချာတာကတော့ ဒီပြသနာမှာ ပထမဆုံးလုပ်သင့်တာကတော့
Run ကိုသွားပါ (Ctrl+r)>Regedit လို့ ရိုက်ပြီး -Enter
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon အဲဒီအထိသွားလိုက်ဗျာ...ပြီးရင်ညာဘက်က Shell ကို၂ချက်နှိပ်ပြီး
Browse through the list to \Shell
Value data နေရာမှာ explorer.exe ဖြစ်နေရမယ် အဲလိုမဟုတ်ပဲ နာမည်တခြားဟာ သို့ မဟုတ် explorer.exe chrome.exe လိုမျိုး ပေါ်နေရင်အကုန်စာသားတွေဖျက်ပြီး explorer.exe လို့ ရိုက်ပြီး click ok -restart ချလိုက် ကဲ ၁၀၀% ကောင်းသွားပါပြီး..ပြီးင်တော့ကွန်ပျူတာကို antivirus update လုပ်ထားတာနဲ့  စစ်လိုက်ပါ....Microsoft Security Essential ကတော့ တကယ်ကောင်းပါတယ် စမ်းသုံးကြည့်ပါ..
(မှတ်ချက် ကျတော့်ကိုင်ရတဲ့စကမှာ chrome ကိုက်နေတော့ chrome.exe လို့ ပေါ်နေတာပါ-chrome virus အလွယ်ရှင်းနည်းကတော့ Task manager မှာ chrome.exe ကိုပိတ်ပေးပါ run box မှာ msconfig လို့ ရိုက်ပြီး statrt up မှာchrome.exe ဆိုတာကိုအမှန်ဖြစ်ဖြုတ် restart ချပါ

chrome တညန်း(gtalk virus) ကိုက်ထားတဲ့စက်တွေက အများစု task manager နဲ့  Folder option and registry ပိတ်ထားတတ်ပါတယ် ကျွန်တော်ကတော့ အဲဒါတွေ ပြန်ဖြည်တဲ့နည်းရေးမနေတော့ဘူး ပို့စ်ရှည်နေမှာစိုးလို့  အလွယ်တကူပဲ အင်တာနက်ကနေCombofix ဆိုတာဒေါင်းပြီးrun လိုက်ပါ task manager ,registry ပြန်ရပါလိမ့်မယ် folder option ကတော့Group policy management ကနေ ပြန်လုပ်ယူလို့ ရပါတယ် ) ကဲ တခါနည်း chrome ရှင်းနည်းပြောခဲ့မယ် မိတ်ဆွေကွန်ပျူတာက task manager ရပီးလို့ ယူဆလိုက်မယ် မရသေးလဲ ခုနက msconfig ကနေ restart ချလို့ ပြန်တက်လာပြီးးဆိုရင် combofix run ပါ..အခုvirus ကိုသတ်တော့မယ် သူရပ်တည်နေတာကတော့

C: အောက်မှာ another partion D:/G:H: တခုခုအောက်မှာရှိတယ် chrome.exe သူ့ကိုမောင်းနှင်ဖို့  autorun.inf ဆိုတဲ့ဖိုင်ပါရှိတယ် တခြားနေရာကတော့C:\windows and C:\windwos\system32 အဲဒီအောက်မှာရှိတယ်......

ကဲသတ်တော့မယ် C:D:အစရှိတဲ့drive အောက်မှာFolder တွေကို exe ပွားထားတယ်...Folder.exe သွားမဖျက်နဲ့  အလကားပဲ run နေတဲ့ chrome.exe ကိုမပိတ်ပဲ chrome.exeမဖျက်ပဲ ဘာမှမထူးဘူးဖျက်လဲပြန်ပေါ်မှာပဲ

ကဲ taskmanager ရရင် အဲကနေ chrome.exe ကိုend process ပေး မရရင်တော့
Run ကနေ cmd ရိုက် enter..
ပြီးရင် taskkill /IM chrome.exe လို့ ရိုက်လိုက်...
ပြီးရင် လက်ရှိရောက်နေတဲ့နေရာက အများစုကတော့ C:\Document and setting\User ဖြစ်တာများတယ် အဲကနေ cd.. Enter cd.. Enter ဆိုပြီး၂ခါလောက် cd ရိုက် enter ခေါက်ပြီး C:/ နေရာကိုသွား
attrib -s -r -h *.* ရိုက် enter ခေါက်
Del chrome.exe
လို့ ရိုက် enter ခေါက် chrome.exe ကိုပိတ်ထားပြီးဖြစ်တဲ့အတွက် del autorun.inf လို့ ရိုက်ပီးautorun file ကိုပါဖျက်ပြီးရင် cd windows လို့ ရိုက် ပြီးရင် attrib -s -r -h *.*

Del chrome.exe
ပြီး cd system32
attrib -s -r -h *.*
del chrome.exe
ကဲပြီးရင် D: (မိမိမှာရှိတဲ့ drive ကိုရွေး G ဆိုရင် G: H ဆိုရင် H: ဘာမှမရှိရင် မလိုပါဘူး)
ရှင်ရင်တော့ D: လို့ ရိုက် enter ခေါက်
attrib -s -r -h *.*
del chrome.exe
del autorun.inf
ကဲဒါဆိုရပြီး windows ကို restart ချ မချခင် run မှာ msconfig လို့ ရိုက်ပီးstartup မှာ chrome.exe ရှိမရှိကြည့်မရှိရင်ထည့်ပေး အဲလို နောက်တာ မထည့်နဲ့ နော်...restartတာချ ရှိနေရင်အမှန်ဖြစ်ဖြုတ် ပြီးrestartချ ကဲဝင်းဒိုးပြန်တက်လာရင် ခုနကပြောတဲ့combofix ကိုသာrunတော့ ... ကဲ chrome ကိုက်ထားတဲ့ drive အများစုကတော့ Cမှာကိုက်ပေမယ့် C က FOlder တွေကို မပွားဘူး D မှာပဲပွားတယ် ဒီအောက်မှာ င်္Folder တွေကို တွေ့ မယ် အဲမှ ကြည့်ကြည့် D ကိုဝင်လိုက်တာနဲ့  Type size date ဆိုတဲ့ title တွေနဲ့  Folder or file တွေအတွက် မြင်ရလိမ့်မယ် အဲဒီမှာ Folder အစစ်က type အောက်မှာ Folder လို့ ပဲပေါ်မယ် virus ကပွားထားတာတွေက size နည်းနည်းနဲ့  Applicationဆိုပြီး typeမှာပေါ်မယ် အကုန် shift+Delete ကဲ D အောက်မှာရှင်းပြီးရင် D အောက်က Folder တစ်ခုချင်းဝင်ကြည့်အဲဖိုဒါနာမည်နဲ့ ပွားထားတာထပ်တွေ့ မယ် Application type နဲ့ အကုန်ထပ်ဖျက် အဲတာတောင် sub folder တွေရှိသေးရင်ဝင်ကြည့် ထပ်ပွားထားတာရှိမယ် အကုန်ဖျက် အိုကေအဲဒါဆိုစိတ်ချရပြီး..

ပြီးရင်တော့ အကောင်းဆုံးကတော့ profileကိုဖျက်ပြီးသုံးစေချင်တယ် ဥပမာ control panel >user account မှာလက်၇ှိသုံးတဲ့အကောင့်ကိုပိတ်ပြီး အခြားအကောင့်တခုနဲ့ သုံး လက်ရှိသုံးနေတာကိုဖျက်လိုက်..ဒါအကောင်းဆုံးပဲ.. windwos repairလုပ်တတ်ရ
င် CD ထည့်ပြီးလုပ်လိုက်..antiviurs ကိုupdate ဖြစ်အောင်ထား...

0 comments:

Post a Comment