Tuesday 23 June 2015

Disable Add or Remove Program

Control Panel အောက်မှာပါဝင်တဲ့  Add or Remove Programs ကိုဘယ်လိုပိတ်သလဲဆိုတာကို ဖော်ပြပေးပါ့မယ်။ ဒီလိုပါ ၎င်း Add or Remove Programs ဟာ မိမိရဲ့စက်မှာ Install ပြုလုပ်ထားတဲ့ Application တွေကို ဖြုတ်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
          ကဲ ဒါဆို မိမိရဲ့ Computer မှာ Add or Remove Programs ကို ပိတ်ထားချင်ပါက ဆက်လက်လေ့လာလိုက်ကြရအောင်နော်။
          Start>Run>regedit ကို ရိုက်ထည့်ပေးပါ။ ပြီးပါက အောက်မှာဖော်ပြပေးထားတဲ့အတိုင်း သွားပေးပါ။
fig 1
          HKEY-CURRENT-USER>Software>Microsoft>Windows>Current Version>Policies အောက်၌ Key တစ်ခုတည်ဆောက်ပေးပါ။ ၎င်း Key ကို Uninstall လို့ နာမည်ပေးပါ။
  
          ပြီးပါက ၎င်း Unistall ဆိုတဲ့ Key နေရာတွင် Right Click နှိပ်ပြီး New မှတစ်ဆင့် DWORD Value ကို ရွေးပေးပါ။ ၎င်း Name ကို NoAddRemovePrograms လို့ နာမည်ပေးပါ။ ပြီးပါက ၎င်း Value Data ကို 1 လို့ နာမည်ပေးပါ။ ပြီးပါက Registry Editor မှ ထွက်နိုင်ပါပြီ။
အဲ ၎င်း Registry မှာ Effect ဖြစ်ချင်ရင်တော့ မိမိရဲ့စက်ကို Restart ပြန်ချမှရမယ်နော်။

0 comments:

Post a Comment