ကဲ iOS Application တွေကို Window ပေါ်မှာ Run
ဖို့အတွက် လုပ်ဆောင်နည်းလေး ဖြစ်ပါသည်။
အရမ်းခက်ခဲတဲ နည်းလမ်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ Android Application တွေကို
Window ပေါ်မှာ အသုံးပြုနိုင်ရန်အတွက် Bluestacks, Nox Player တွေအသုံးပြုသလိုပါပဲ။
အခုထွက်လာတဲ့ iPadian ဆိုတဲ့ Software လေးကို ထည့်သွင်းအသုံးပြုရမှာဖြစ်ပါသည်။
ပဲရှိတဲ့အတွက် ဖိုင်အရွယ်အစားလည်း မကြီးပါဘူး။ ကဲဒေါင်းပြီးပြီ ဆိုရင်တော့ Install
လုပ်ဖို့ ပြထားသည့်အတိုင်းလေး သွားလိုက်ရအောင်။ ပြထားသည့်အတိုင်း Next နှိပ်ပါ။
iPadian
ကို ထည့်သွင်းမည့် နေရာ ရွေးခိုင်းခြင်း ဖြစ်ပါသည်။ ရွေးချယ်ပေးထားသည့်အတိုင်း
C: ရဲ့ Program Files မှာပဲ ထည့်သွင်းမည့်ဖြစ်၍ Next ကိုနှိပ်ပါ။
C: ရဲ့ Program Files မှာပဲ ထည့်သွင်းမည့်ဖြစ်၍ Next ကိုနှိပ်ပါ။
သင့်ရဲ့
Start Menu ထဲတွင် iPadian ကို ထည့်သွင်းမည့် Folder Name ရွေးချယ်မှုပါ။
သူပေးထားသည့် အတိုင်း iPadian ကိုပဲထားပြီး Next နှိပ်ရပါမည်။
သူပေးထားသည့် အတိုင်း iPadian ကိုပဲထားပြီး Next နှိပ်ရပါမည်။
Create a Desktop icon ကို
Check လုပ်ထားပြီး ပြထားသည့် Next ကိုနှိပ်ပါ။
အားလုံး ရွေးချယ်မှု ပြီးသည့်အတွက်
Install ရွေးပြီး ထည့်သွင်းသွားပါမည်။
ကဲ Launch iPadian ကို
Check လုပ်ထားရင်တော့ Finish နှိပ်ရင် iPadian Program Run သွားပါမည်။
ကဲ iPadian ကို ဖွင့်လိုက်တယ်
ဆိုရင်တော့ အောက်ပါအတိုင်း ပြနေပါလိမ့်မည်။
လိုအပ်တဲ့ iOS Application တွေကိုတော့ App Store ကနေ ထပ်မံ ဒေါင်းယူနိုင်ပါသည်။
လိုအပ်တဲ့ iOS Application တွေကိုတော့ App Store ကနေ ထပ်မံ ဒေါင်းယူနိုင်ပါသည်။
0 comments:
Post a Comment