Wednesday 5 October 2016

Ice Fantasy (2016) မြန်မာစာတန်းထိုး


Ice Fantasy (2016)မြန်မာစာတန်းထိုး
===========================
ဲ့ Ice Fantasy ဇာတ်လမ်းတွဲ တွင် တောင်ကိုရီးယား၏ ကြယ်ပွင့်တစ်ခုဖြစ်သော ကင်ဟီဆွန် နှင့် F(X) အဖွဲ့က Victoria ပါဝင်သရုပ်ဆောင်ထားကြပါတယ်.။   Ice Fantasy ဒရမ်မာဇာတ်ကားဟာ တရုတ်နာမည်ကြီး စာရေးဆရာ Guo Jingming ၏ 2013 ခုနှစ်က ရောင်းအား အကောင်းဆုံးဖြစ်ခဲ့တဲ့ Huan Cheng စာအုပ်ကို အခြေခံ ရိုက်ကူးထားသော ဇာတ်ကားဖြစ်ပါတယ်။
    မထွက်ခင်ကတည်းက Hit ဖြစ်နေတဲ့ စီးရီးတစ်ခုဖြစ်ပြီး.။ ထုတ်လွှင်ပြီးသိပ်မကြာခင် 4 ပိုင်းလောက်မှာတင်ပဲ Viki မှာ 9.5 ရထားတဲ့ အ​ကောင်းဆုံးဇာတ်​လမ်းတွဲ​တွေထဲ တန်းဝင်​လာပြီဖြစ်​တဲ့ Ice Fantasy ဇာတ်​လမ်းတွဲပါ။ စိတ်​ကူးဆန်းဆန်း ရိုက်​ချက်​ဆန်းဆန်း​တွေနဲ့ ဇာတ်​လမ်းဇာတ်​အိမ်​​ကောင်းမွန်​တဲ့အပြင်​ တရုတ်​သိုင်းကား​တွေထုံးစံအတိုင်း အပျံစား တိုက်​ခိုက်​ခန်း​တွေ၊ ရှုမငြီးတဲ့ သိုင်းကွက်​​တွေကို မြင်​​တွေ့ခံစားရမှာပါ။
 
  မီးတိုင်းပြည်​နဲ့ ​ရေခဲတိုင်းပြည်​ နှစ်​ပြည်​​ထောင်​ဟာ အမြဲတမ်းတိုက်​ခိုက်​​နေပြီး တစ်​နိုင်​ငံနဲ့တစ်​နိုင်​ငံ သိမ်းပိုက်​ဖို့ အမြဲကြံရွယ်​​နေကြသူ​တွေပါ။ ​ရေခဲတိုင်းပြည်​က ဘုရင်​ကြီးမရှိ​တော့တဲ့​နောက်​ ဘုရင်​ကြီးရဲ့သား​တော်​နှစ်​ပါးသာကျန်​ရစ်​ခဲ့ပါတယ်​။ အကိုအကြီးဟာ နန်း​မွေနန်းရာကို ဆက်​ခံရတဲ့အခါ သူ့အ​ဖေတူအ​မေကွဲညီကလည်း ဘုရင်​ဖြစ်​ချင်​စိတ်​ဝင်​လာခဲ့ပါတယ်​။ အကိုကြီးဟာ ​မှော်​ဆရာမ​လေးတစ်​ဦးနဲ့ချစ်​ကျွမ်းဝင်​ပြီး အချစ်​အတွက်​သာအရာရာကို​ပေးဆပ်​ချင်​​ပေမယ့်​ ညီငယ်​က​တော့ မီးတိုင်းပြည်​က မင်းသမီးက​လေးရဲ့သူ့အ​ပေါ် ချစ်​စိတ်​ကိုအခွင့်​​ကောင်းယူကာ အကွက်​ကိုအမြဲ​ချောင်း​နေခဲ့ပါတယ်​။ ​ကြောက်​ခမန်းလိလိတိုက်​ပွဲ​တွေ၊ ဇာတ်​​ကောင်​​တွေရဲ့ အားပြိုင်​မှု​တွေ၊ ​မှော်​အတတ်​​တွေ သိုင်းပညာ​တွေနဲ့ နက်​နဲလှပစွာရိုက်​ကူးထားတဲ့ဒီဇာတ်​လမ်း​လေးကို ပရိသတ်​​တွေအတွက်​ တင်​ဆက်​​ပေးလိုက်​ပါတယ်​။ သိုင်းကားကြိုက်​သူ​တွေအတွက်​​တော့ အခုပဲကြည့်​သင့်​​နေပြီ​နော်​။ ပြသနေဆဲ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ် ခင်ဗျာ.။

++++++++++++++++++++++++++++

Review & Translate By: Scarlet Phoenix
Encode by: Eric Min Khant
စာတန်းထိုးဇာတ်ကားများကြည့်ရှုလိုပါကဒီကိုနှိပ်ပါ


                                                                               ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ



0 comments:

Post a Comment