Sunday 10 August 2014

Myanmar Coin Toss app

 Android ဖုန်းဖြင့် ကမ္ဘာ့ပထမဆုံး မြန်မာ့ရိုးရာ ကျပ်ပြားစေ့ ၊ မတ်စေ့တွေနဲ့ ခေါင်းပန်းလှန်ခြင်း ၊ ကျပ်စေ့နဲ့အလောင်းအစားပြုလုပ်တမ်းကစားလိုသူတွေအတွက် Myanmar Coin Toss v1.1 for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီ application လေးမှာ မြန်မာ့ခေတ်အဆက်ဆက်က ကျပ်စေ့ ၊ မူးစေ့ ၃၄ မျိုးထည့်သွင်းပေးထားပါတယ်။
ကျပ်ပြားစေ့နဲ့ခေါင်းပန်းလှန်ခြင်းအလေ့အထလေးဟာ အခုချိန်အထိရှိနေသေးပေမယ့် ရှေးခေတ်မြန်မာ့ကျပ်ပြားစေ့များကိုတော့ ဒီခေတ်ထဲမှာ တွေ့ဖို့မလွယ်ကူတော့တာမို့ Myanmar Coin Toss app လေးကိုဆော့ရင်း မြန်မာကျပ်စေ့အစုံအလင်ကိုလေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ဘာလုပ်သင့်လဲဆိုတာကို ကျပ်ပြားစေ့လေးတွေအသုံးပြုပြီး ခေါင်းပန်းလှန်ခြင်းအားဖြင့် အဆုံးအဖြတ်ယူလေ့ရှိကြပါတယ်။ လက်ထဲမှာ ကျပ်ပြားစေ့အလွယ်တကူမရှိသူတွေအတွက်ကတော့ Myanmar Coin Toss လေးကိုသုံးပြီး အဆုံးအဖြတ်ပြုနိုင်မှာပါ။
 

0 comments:

Post a Comment